ထီးချိုင့်တွင် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီ သေနတ်ဖြင့်ပစ်၊ ၁ ဦးသေဆုံး ၁ဦးဒဏ်ရာရဟုဆို

ထီးချိုင့်တွင် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီ သေနတ်ဖြင့်ပစ်၊ ၁ ဦးသေဆုံး ၁ဦးဒဏ်ရာရဟုဆို
တိုက်ပွဲဖြစ်ပွားခဲ့သည့် ထီးချိုင့်မြို့အဝင်နေရာ (ပုံဟောင်း)
တိုက်ပွဲဖြစ်ပွားခဲ့သည့် ထီးချိုင့်မြို့အဝင်နေရာ (ပုံဟောင်း)

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင် အောက်တိုဘာလ ၁၉ ရက်နေ့ ညနေက တိုက်ပွဲ ဖြစ်ပွားပြီးနောက် လမ်းမပေါ် ထွက်လာသည့် အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများကပြောသည်။

ထီးချိုင့်မြို့အဝင် ဂိတ်အနီးတွင် အောက်တိုဘာလ ၁၉ ရက်နေ့၊ ညနေ ၃ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ ဝင် များနှင့် ရဲတပ်ဖွဲ့ဝင်များ ဆိုင်ကယ် ၁၀ စီးဖြင့် ထွက်လာသည်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ ကြသည်။

ထိုတိုက်ခိုက်ခံရမှု၌ စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးပြီး နှစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင့် ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီး နာရီဝက်ခန့်အကြာတွင် ထီးချိုင့်မြို့၊ အမှတ် (၁) စံပြရပ်ကွက်အတွင်း လမ်းမပေါ်ထွက်လာ သည့် အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြော သည်။

“စစ်တပ်က သူတို့ထိတော့ လမ်းဘေးမှာ ကင်းပုန်းဝပ်ပြီး ပစ်တာ” ဟု  နောက်ထပ် ဒေသခံတစ်ဦး က ပြော သည်။

ထိုပစ်ခတ်မှုကြောင့် အသက် (၂၃) နှစ် အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး အသက် (၁၈) နှစ်အရွယ် အမျိုး သမီးတစ်ဦး ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့သည်။

ဒဏ်ရာရရှိသော အမျိုးသမီးသည် အောက်တိုဘာလ ၂၃ ရက်နေ့အထိ ဆေးကုသမှုခံယူနေရဆဲဟု ဖြစ်သည်။

စစ်ကောင်စီဘက်က ပစ်ခတ်သည်ဆိုသည်ကို ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများကပြောပြီး မဇ္ဈိမ အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

“သူတို့က တိုက်ပွဲဖြစ်ပြီးပြီဆိုပြီးမှ ထွက်တာကို နောက်ကနေ လိုက်ပစ်တာ။ စစ်တပ်ဘက်က ပစ်တာပါ” ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး က ပြောသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲ‌ဖြစ်ရာ ဒေသများ၌ အမျိုးသမီးများရော ကလေးသူငယ်များကိုပါ စဉ်းစားဆင်ခြင် မဲ့ တိုက်ခိုက်သတ်ဖြတ်နေပြီး ယင်းအခြေအနေကို နိုင်ငံတကာအနေဖြင့် စောင့်ကြည့်အရေးယူရန် အမျိုးသား ညီညွတ်ရေး အစိုးရက မကြာခဏတောင်းဆိုနေသည်။

ထီးချိုင့်မြို့နယ်တွင် လတ်တလော၌  စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က အင်အားအများအပြား တိုးချနေ ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့၊ ညနေ ၂ နာရီအချိန်ခန့်တွင် ထီးချိုင့်မြို့၊ ပိတောက်လှဆိပ်ကမ်းသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၃၀ခန့် ရေကြောင်းမှတဆင့် ရောက်ရှိလာကြောင်း ဒေသခံတော်လှန်ရေး အင်အားစုများ က ပြောသည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...