မိုးညှင်းမြို့နယ်မှာ လူတစ်ဦးချင်းဆီရဲ့ ဇီဝဆိုင်ရာကိုယ်ရေးအချက်အလက်ကောက်ယူခြင်း စတင်နေ

မိုးညှင်းမြို့နယ်မှာ လူတစ်ဦးချင်းဆီရဲ့ ဇီဝဆိုင်ရာကိုယ်ရေးအချက်အလက်ကောက်ယူခြင်း စတင်နေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ လူငယ်ဦးချင်းစီရဲ့ ဇီဝဆိုင်ရာကိုယ်ရေးအချက်အလက် (Biometric Data)  ကောက်ယူမှု စမ်းသပ်ခြင်းတွေကို လုပ်နေတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

အောက်တိုဘာလ ၂၀ ရက်နေ့မှာ စတင်ပြုလုပ်နေတယ်လို့ ကိုယ်တိုင်သွားရောက် ပြုလုပ်ခဲ့သူတွေက ရှမ်းနီအသံ ကို ပြောပါတယ်။

“အရင်ဆုံးက မျက်နှာ Scan ယူတယ်။ အိမ်နံပါတ်ယူတယ်။ လက်ဗွေ၊ မျက်စိ Scan  ယူတယ် ဒီလောက်ပဲ” လို့ သွားရောက်ပြုလုပ်ခဲ့တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

လဝက ရဲ့ Biometric Enrollment Application Form  ပုံစံထဲကို အချက်အလက်တွေ ဖြည့်သွင်းကာ လူတစ်ဦး ချင်းရဲ့ မှတ်တမ်းယူပြီးနောက် QR Code နှင့် ဂဏန်း (၁၀) လုံးပါတဲ့ Unique ID နံပါတ်ပါ စာရွက်တစ်ခု ပြန်လည် ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ မိုးညှင်းမြို့ပေါ် ရပ်ကွက်တွေထဲက အောင်သပြေရပ်ကွက်မှာ ဇီဝဆိုင်ရာ ကိုယ်ရေး အချက်အလက် ကောက်ယူမှုကို စတင်လုပ်ဆောင်နေတာဖြစ်ပြီး ကျန်တဲ့ရပ်ကွက်တွေမှာလည်း ဆက်လုပ်သွားဖို့ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီက အခုလိုကောက်ယူမှုတွေဟာ လူမှုစီးပွားရေးဆိုင်ရာ လုပ်ငန်း လုပ်ကိုင်ဖို့ လျင်မြန်လာစေဖို့၊ မြန်မာနိုင်ငံ အတွင်း နေထိုင်သူတွေကို စိစစ်ဖို့ နဲ့ အွန်လိုင်းစနစ်နဲ့ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေမှာ မည်သူ မည်ဝါ ဖြစ်ကြောင်း စစ်ဆေးတိုင်တဲ့ အခြေခံစနစ်တည်ဆောက်ဖို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။

Biometric Data ကောက်ယူမှုတွေကို ဩဂုတ်လကတည်းက လုပ်ဆောင်ဖို့ ပြင်ဆင်နေတာရှိပြီး အောက်တိုဘာ လမှ ကောက်ယူမှုတွေကို ရပ်ကွက်အလိုက် လုပ်ဆောင်လာခဲ့တာဖြစ်တယ်လို့ လဝက နဲ့ နီးစပ်သူ အမျိုးသား တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ E-ID စနစ်အကောင်အထည်ဖော်ဖို့အတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ လူဦးရေ ၅၂ သန်းရဲ့ E-ID Biographic Registration System အတွင်းမှာ ဖြည့်သွင်းထားပြီလည်းဖြစ်တယ်လို့ ကြေညာထားပါတယ်။

ရှမ်းနီ အမျိုးသား ရိုးရာဝတ်စုံအမည် သတ်မှတ်ရေး အစည်းအဝေး ပြုလုပ်နေသည်ကို တွေ့ရစဉ်။ / Sai Aung Myo - ရှမ်းနီအသံ
September 18, 2026
ကချင်ပြည်ရှိ ရှမ်းနီ တိုင်းရင်းသားများ၏ အမျိုးသား ရိုးရာဝတ်စုံ (National Dress) အမည်...
Photo - Crd
September 17, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်း စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များ...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးကို တွေ့ရစဉ်။ / Crd)
September 16, 2026
မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး၌ ရောဂါ ၁၂ မျိုးကို အထူးကုဆရာဝန်ကြီးများ လာရောက်ကုသပေးမည်...
September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...