ပလက်ဝတွင် ဒေသတည်ငြိမ်နေသော်လည်း ၂ နှစ်ကျော်ကြာ အင်တာနက်ဖြတ်တောက်ခံထားရ

ပလက်ဝတွင် ဒေသတည်ငြိမ်နေသော်လည်း ၂ နှစ်ကျော်ကြာ အင်တာနက်ဖြတ်တောက်ခံထားရ
ဓာတ်ပုံ - အင်တာနက်
ဓာတ်ပုံ - အင်တာနက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် လက်ရှိအချိန် ဒေသတည်ငြိမ်နေသော်လည်း စစ်ကောင်စီက အင်တာ နက်ဖြတ်တောက်ထားသည်မှာ ယခုအခါ ၂ နှစ်ကျော်ကြာလာပြီ ဖြစ်သည်။

ယင်းသို့ ဒေသတည်ငြိမ်နေသော်လည်း ၂ နှစ်ကျော်ကြာ အင်တာနက်ဖြတ်တောက်ခံထားရသည့် အတွက် ဆက်သွယ်ရေးအခက်အခဲရှိကြောင်း ဒေသခံများက ပြောသည်။

ပလက်ဝမြို့ခံ တစ်ဦးက “အင်တာနက်က သုံးလို့မရသေးဘူး။ အရင်ကတည်းကဖြတ်ထားတာ။ ဖုန်းလိုင်းတွေ ကလည်း ပြတ်တောက် ပြတ်တောက်ပဲ။ ဆက်သွယ်ရတာ အဆင်မပြေဘူး။ တချို့က အိုင်ပီစတားနဲ့ အင်တာနက် သုံးကြတာ ရှိကြတယ်။ ဖုန်းနဲ့တော့ သုံးလို့မရဘူး” ဟု ပြောသည်။

လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်မှစတင်ကာ စစ်ကောင်စီက ချင်းပြည်နယ်၊ ပလက်ဝအပါအဝင် မြို့နယ်တချို့တွင် အင်တာနက်လိုင်းများကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် နယ်မြေတည်ငြိမ်နေသည့်အတွက် အင်တာနက်လိုင်း အသုံးပြုခွင့်ကို အမြန်ဆုံးရစေချင် ကြောင်း လည်း သူက ဆက်ပြောသည်။

“အင်တာနက်မရတော့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကအစပေါ့။ အားလုံး အစစအရာရာ နောက်ကျနေ တယ်။ ဘယ်နေရာမှာ ဘာဖြစ်လို့ ဘာဖြစ်နေတယ်ဆိုတာကိုလဲ မသိရဘူးလေ။ အင်တာနက်အသုံးပြုလို့ရရင် တော့ အဆင်ပြေတာပေါ့” ဟု ပြောသည်။

၂၀၁၉ ခုနှစ်တွင် ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများပြင်းထန်ခဲ့ သည့်အတွက် မြန်မာစစ်တပ်က အင်တာနက်လိုင်းများကို ပထမအကြိမ် ၁ နှစ်ကျော် ဖြတ်တောက်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ရက်ပိုင်းအတွင်း အင်တာနက် လိုင်းများကို ပြန်ဖွင့်ပေးခဲ့ပြန်သည်။

ယင်းနောက် ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီးနောက် ယခုအချိန်အထိ စစ်ကောင်စီက အင်တာနက်လိုင်းများကို ဖြတ်တောက်ထားခြင်းဖြစ်သည်။

ယင်းသို့ဖြတ်တောက်ထားမှုကြောင့် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများကိုလည်း အင်တာနက်လိုင်းဖြင့် လွှဲ၍ မရဘဲ ဘဏ်များမှတဆင့် အချိန်အကုန်ခံကာ လွှဲပေးနေရသည်ဟု ကျောက်တော်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“အင်တာနက်သုံးလို့မရတော့ ငွေလွှဲ၊ ငွေပို့တဲ့အခါကျရင် အခက်အခဲရှိတယ်။ K-payနဲ့ ပို့မရတော့ ဘဏ်ကပဲ လွှဲရတယ်။ ချက်ချင်းလွှဲ၊ ချက်ချင်းထုတ်ရမဲ့ငွေက ဘဏ်ကနေ သွားထုတ်နေရတော့ အချိန်အကြာကြီး နောက် ကျတာပေါ့။ အခက်ခဲတွေက အများကြီးပါ” ဟု ပြောသည်။

ယခုကဲ့သို့ နှစ်ရှည်လများ အင်တာနက်လိုင်းဖြတ်တောက်ထားခြင်းမှာ စစ်ကောင်စီတပ်က လူ့အခွင့်အရေး ချိုးဖောက်မှုများကို အားပေးကာကွယ်ရာရောက်ပြီး အင်တာနက်ဖြစ်တောက်မှုကို လက်နက်တစ်ခုအဖြစ်လည်း စစ်ကောင်စီက အသုံးချနေသည်ဟု ဝေဖန်မှုများ ရှိနေသည်။

Most read this week

September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...
ဓာတ်ပုံ - PBS News
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းမှ ရွှေမင်းဂံချောင်းဝအထိ...
စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...