စစ်ဘေးရှောင်များ၏ ဇီ၀မှတ်တမ်းကောက်ယူမည်မဟုတ်ဟု မီဇိုရမ်အစိုးရပြော

စစ်ဘေးရှောင်များ၏ ဇီ၀မှတ်တမ်းကောက်ယူမည်မဟုတ်ဟု မီဇိုရမ်အစိုးရပြော

မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်လာကြသော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ သွေးချင်းညီအကို စစ်ဘေးရှောင် ပြည်သူများ၏ ဇီ၀မှတ်တမ်း (biometric နှင့် biographic) ကောက်ယူရန် အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေး၀◌န်ကြီးဌာနမှ ဖိအားပေးမှုခံနေရသော်လည်း ကောက်ယူမည်မဟုတ်ကြောင်း မီဇိုရမ်အစိုးရက ပြောဆိုလိုက်သည်။

ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်က ကျင်းပသော မီဇီုရမ်ပြည်နယ်အစိုးရ ၀◌န်ကြီးများအစည်းအ‌‌ဝေးမှာ အဆို ပါကိစ္စကို ဆွေးနွေးကြရာတွင် ဗဟိုအစိုးရ၏ အပြင်းအထန် ဖိအားပေးမှုခံနေရသော်လည်း မြန်မာနှင့် ဘင်္ဂလား ဒေ့ရှ် နိုင်ငံမှ သွေးချင်းညီအစ်ကို စစ်ဘေးရှောင်များ၏ biometric နှင့် biographic ကောက်ယူမှတ်တမ်းတင်မှု များ လုပ်ဆောင်မည်ဆိုပါက မလိုလာအပ်သော နောက်ဆက်တွဲပြသနာများ ဖြစ်လာနိုင်သည်ဟု မီဇိုရမ်အစိုးရ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီး Pu Lalruatkima က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့ကြောင့် သွေးချင်းညီအကို စစ်ဘေးရှောင်များအတွက် နောက်ဆက်တွဲ ဖြစ်လာနိုင်သော ပြသနာများကို ရှေးရှုလျက် ဇီ၀မှတ်တမ်းတင်ကောင်ယူမှုကို ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း ဗဟိုအစိုးရထံ အကြောင်းပြန် ကြားရန် ၀န်ကြီးများ အစည်းအ‌ဝေးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၀န်ကြီး Pu Lalruatkima က ပြောသည်။

မြန်မာစစ်ဘေးရှောင် ၃ သောင်းကျော်နေထိုင်သော မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင်များ၏ ဇီ၀အချက် အလက်မှတ်တမ်းများ ကောက်ယူရန် ဗဟိုအစိုးရ ပြည်ထဲရေး၀န်ကြီးဌာနက ပြည်နယ်အစိုးရကို အကြောင်း ကြားခဲ့ပြီးနောက် ဇူလိုင်လကုန်ပိုင်းကစ၍ စစ်ဘေးရှောင်စခန်းတချို့တွင် ဇီ၀အချက်အလက်မှတ်တမ်း ကောက် ယူမှုကို စတင်လုပ်ဆောင်ခဲ့ကြသည်။

အဆိုပါကိစ္စအပေါ်  အရပ်ဖက်အဖွဲ့အစည်းတချို့မှ ဝေဖန်ကန့်ကွက်မှုများရှိလာသည့်နောက်ပိုင်း ဇီ၀မှတ်တမ်း ကောက်ယူမှုကို ရပ်နားကာ ယခုအခါ ဇီ၀မှတ်တမ်းကောက်ယူမှုကို လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း မီဇိုရမ် ပြည်နယ်အစိုးရက တရား၀င် ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

ပုံစာ - မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးများ အစည်းဝေးပြုလုပ်စဉ်

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...