တိုက်ပွဲပြင်းထန်နေသည့် ကလေးတောင်ပိုင်းတွင် လက်နက်ကြီးကြောင့် အရပ်သား ၅ ဦးသေဆုံး

တိုက်ပွဲပြင်းထန်နေသည့် ကလေးတောင်ပိုင်းတွင် လက်နက်ကြီးကြောင့် အရပ်သား ၅ ဦးသေဆုံး

ကလေးမြို့နယ် တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် CDF အပါအဝင် ဒေသကာကွယ်ရေး ပူးပေါင်းတပ်တို့ဖြင့် ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေရာ နှစ်ဖက်ထိခိုက်ကျဆုံးမှု များပြားပြီး စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံအရပ်သား ၅ သေဆုံးခဲ့သည်။

ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်နေ့၊ နံနက် ၈ နာရီက စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ အောင်သာ ယာကျေးရွာသို့ စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်တို့ အင်အား ၁၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာရာ ဒေသ တော်လှန်ရေး ပူးပေါင်းတပ်များဖြင့် မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ချင်းကာကွယ်ရေးတပ် - KKG က စက်တင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်သည်။

တိုက်ပွဲတွင် စစ်ကောင်စီက လက်နက်ကြီးပစ်ကူ အများအပြားသုံး၍ သာလွန်အင်အားဖြင့် ထိုးစစ်ဆင်လာမှုကို ကာကွယ်ရေးပူးပေါင်းတပ်တို့က ခုခံတိုက်ခိုက်ရာ စစ်ကောင်စီမှ ၂ ဦးသေဆုံးပြီး CDF-KKG မှ ရဲဘော်တစ်ဦး၊ ကလေး (ပကဖ) မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။

နေ့လည် ၁ နာရီခန့်တွင်လည်း အောင်သာယာအရှေ့ရပ်ကွက်တွင် စခန်းချနေသည့် စစ်ကောင်စီပူးပေါင်းတပ်ကို CDF-KKG နှင့် ကလေးခရိုင်တပ်ရင်း (၄) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီမှ ထိခိုက်မှုရှိနိုင်ပြီး ချင်းပူး ပေါင်းတပ်မှ ရဲဘော် (၂) ဦး မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့သည်ဟု CDF- KKG က ဆိုသည်။

စက်တင်ဘာလ ၂၇ ရက်တွင် အောင်သာယာမှ မှန်တောသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီပူးပေါင်းတပ် နှင့် ဒေသ ကာကွယ်ရေးပူးပေါင်းတပ်တို့ မှန်တောရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီမှ အထိခိုက်များ နိုင်ပြီး ချင်းပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သည်ဟု KKG က ဆိုသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားသည့် အနီးဝန်းကျင်ရှိ အရပ်သားနေအိမ်များကို မီးရှို့ဖျက်စီးပြီး လက်နက်ကြီး များဖြင့် ပစ်ခတ်မှုကြောင့် ရှားဖိုရွာမှအရပ်သား (၄) ဦး ထိမှန်သေဆုံးကာ သေဆုံးမှုများကို မြင်တွေ့ရသည့် မိခင်တစ်ဦးမှာလည်း ထိန်လန့်၍ ထပ်မံသေဆုံးခဲ့ရသည်ဟု CDF- KKG က ပြောသည်။

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီပူးပေါင်းတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖြစ်သည့် CDF-KKG၊ ကလေး ခရိုင်အမှတ် (၄) တပ်ရင်း၊ ကလေးမြို့နယ် ပကဖ၊ CNDF (Thai Pau) တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကလေးမြို့နယ်တောင်ပိုင်းတွေ နှစ်ဖက်တိုက်ပွဲများ အပြင်အထန် ဖြစ်ပွားနေသည့်အတွက် ဖုန်းလိုင်းများလည်း ဖြတ်တောက်ခံ ထားရသည်။

May 30, 2026
အာဏာသိမ်းစစ်တပ်က ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်နေသည့် လက်ရှိကာလအတွင်း မင်းတပ်မြို့ပေါ်တွင်...
May 29, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုံပီး (Lungpi) ကျေးရွာအနီးတွင် အာဏာသိမ်းစစ်တပ်က သတ်ဖြတ်ထားသည့်...
May 28, 2026
အာဏာသိမ်းစစ်တပ်သည် ချင်းပြည်နယ်မြောက်ပိုင်းတွင် မြို့များကို ပြန်လည်သိမ်းပိုက်ပြီးနောက် ၎င်းတို့...
May 27, 2026
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်အကြား စီးဆင်းနေတဲ့ တီအိုချောင်း(Tiau Lui) မှာ...