နမ့်ဖတ်ကာတွင် မြေမြုပ်မိုင်းကြောင့် အရပ်သားတစ်ဦး ခြေထောက်ပြတ်

နမ့်ဖတ်ကာတွင် မြေမြုပ်မိုင်းကြောင့် အရပ်သားတစ်ဦး ခြေထောက်ပြတ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဖတ်ကာကျေးရွာ၊ ရပ်ကွက် ၂ တွင် စစ်ကောင်စီ၏ မြေမြုပ်မိုင်းကြောင့် အမျိုး သားတစ်ဦး ခြေထောက်တစ်ဖက် ပြတ်ထွက်ဒဏ်ရာ ရခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။

စက်တင်ဘာလ ၂၄ ရက်နေ့၊ နေ့လည် ၂ နာရီ အချိန်ခန့်တွင် နမ့်ဖတ်ကာ ရပ်ကွက် ၂၊ စစ်ကောင်စီ၏ ခြေမြန်တပ် ရင်း (ခမရ ၁၂၃) လက်အောက်ခံ တပ်မ ၉၉ တပ်စခန်းအနီး ဗြုန်းတောင်၌ မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။

မေတ္တာရှင် လူမှုကူညီရေးအသင်း၏ ပြန်ကြားရေး တာဝန်ခံ တစ်ဦးက “ထင်းခွေ သွားရင်းနဲ့ မိုင်းနင်းမိတာပေါ့။ ထင်းခုတ် သွားရင်းနဲ့ပေါ့။ နီးစပ်ရာတွေကနေ အကြောင်းကြားတာ။ သူက သိတဲ့အချိန်မှာ အကူအညီ လှမ်း တောင်းတာ။ ကုန်းဆင်းဆိုတော့ အဲ့နားမှာ လူရှိတယ်လေ။ အဲ့ကလူတွေကို အကူအညီ လှမ်းတောင်းတာ။ အဲ့က လူတွေက ကြားတော့ အဲ့ကနေတစ်ဆင့် ရုံးကို လှမ်းဆက်တာ” ဟု ပြောသည်။

ထို့နောက်တွင် ကွတ်ခိုင် ပြည်သူ့ဆေးရုံကြီး သို့ မေတ္တာရှင် လူမှုကူညီရေးအသင်းမှ အချိန်မီ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဒဏ်ရာ ပြင်းထန်လွန်းသောကြောင့် ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသည်ဟု ဆိုသည်။

ထိခိုက် ဒဏ်ရာရသူမှာ အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး လတ်တလောတွင် အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ဘူးဟု မေတ္တာရှင် လူမှုကူညီရေးအသင်း၏ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ဆက် ပြော သည်။

“သတိမေ့တာတော့ မဖြစ်ဘူး။ သွားသယ်တဲ့ လူတွေကတော့ အဲ့လို မဖြစ်ဘူးတဲ့။ သူကတော့ သတိရသေးတယ်။ အကူအညီ လှမ်းတောင်းတယ်။ နည်းနည်းမောတယ်။ အဲ့လိုမျိုးတွေတော့ ပြောတယ်။ မနေ့က လူနာသွားပို့ တော့ သူ့အမျိုးတွေက စိုးရိမ်စရာ မရှိတော့ဘူးလို့ ပြောတယ်။ ထိတာတော့ ခြေထောက်ပဲ ထိသွားတာ။ ပြတ် သလို ဖြစ်သွားတာပေါ့ အဲ့မှာ ကတည်းက။”

အဆိုပါ အမျိုးသား မိုင်းနင်းမိခဲ့သည့် ဗြုန်းတောင်သည် တပ်မ ၉၉ မှ စစ်ကောင်စီတပ်သားများ မကြာခဏ လာ ရောက်လေ့ရှိပြီး ဒေသခံများအား အသွားအလာ မပြုကြရန် တားမြစ်ထားသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းကလည်း နမ့်ဖတ်ကာ ကျေးရွာတွင် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦးနှင့် ဖခင်ဖြစ်သူတို့ ပြောင်းဖူးခြံသို့ သွားရာလမ်း၌ မိုင်းနင်းမိပြီး ကလေး၏ ဘယ်ဘက်လက်တွင် ပြင်းထန်ဒဏ်ရာ များ ရခဲ့သေးသည်။

နမ့်ဖတ်ကာ ကျေးရွာတွင် စစ်ကောင်စီတပ်အပြင် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ စစ်ရေးလှုပ်ရှားလျက် ရှိသည်ဟု ဒေသခံများက ပြောသည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...