NCCD က ချင်းစစ်ရှောင်များထံ ကျပ်သိန်း ၃၀၀ ကျော်တန်ဖိုးရှိသော စားနပ်ရိက္ခာများ ကူညီထောက်ပံ့

NCCD က ချင်းစစ်ရှောင်များထံ ကျပ်သိန်း ၃၀၀ ကျော်တန်ဖိုးရှိသော စားနပ်ရိက္ခာများ ကူညီထောက်ပံ့

ချင်း လူထုဖွံ့ဖြိုးရေးကွန်ရက် - Network for Chin Community Development (NCCD) က ချင်းပြည်နယ် ၃ မြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူများထံ ကျပ်သိန်း ၃၀၀ ကျော်တန်ဖိုးရှိသော အရေးပေါ်စားနပ်ရိက္ခာ များ ကူညီထောက်ပံ့ပေးခဲ့သည်။

ချင်းပြည်နယ်အတွင်းရှိ ထန်တလန်၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ် အတွင်းက ကျေးရွာ ၈ ရွာမှ စစ်ဘေး‌ ရှောင်ပြည်သူများထံ ပြီးခဲ့သည့် သြဂုတ်လ ၂၀ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ဆန်၊ ဆီ၊ စား စသည့် အခြေခံ စား နပ်ရိက္ခာများ ကူညီထောက်ပံ့ ပေးခဲ့ခြင်းဖြစ်သည် ဟု NCCD လက်ထောက် ညွှန်ကြားရေးမှူး ဦး Simon က ပြောသည်။

“အခု မိုးတွင်းလည်းဖြစ်တော့ သူတို့ရဲ့ အဓိကလိုအပ်ချက်ကတော့ အခြေခံစားသုံးကုန် စားနပ်ရိက္ခာဖြစ်တယ်။ အဲ့ဒီထဲမှာမှ အဓိက ဦးစားပေးတဲ့နေရာတွေမှာ ကိုယ့်ရဲ့ ရလာတဲ့ ဘတ်ဂျက်ပေါ်မှာ မူတည်ပြီးတော့မှ အကန့် အသတ်နဲ့ ပေးတာဖြစ်တယ်။ အကန့်သတ်ဆိုတာ စစ်ဘေး‌ရှောင်တွေ အကုန်လုံးကို တစ်ခါတည်းနဲ့ ပေးဖို့ မနိုင် ဘူးပေါ့နော်။ ဘတ်ဂျက်က မလောက်ဘူးဆိုတော့လေ။ ကျွန်တော်တို့ အကုန်လုံး မလွမ်းခြုံနိုင်သေးဘူးပေါ့‌” ဟု NCCD လက်ထောက် ညွန်ကြားရေးမှူး ဦး Simon က ပြောသည်။

ချင်းပြည်နယ်အတွင်းက စစ်ရှောင်များမှာ မိုးရာသီကာလတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် အစားသောက် အခက်အခဲ ကြုံတွေ့နေကြရပြီး အရေးပေါ် လိုအပ်သည့် စစ်ဘေးရှောင် အိမ်ထောင်စု ၃၀၀၊ လူဦးရေ တစ်ထောင်ကျော်တို့ကိုသာ ထောက်ပံ့မှုပေးနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ဘေးရှောင် ပြည်သူများမှာ စားနပ်ရိက္ခာ ပြတ်လတ်မှုများကြောင့် ကလေးငယ်များမှာလည်း အာဟာရ ချို့တဲ့ မှုများနှင့် ရင်ဆိုင်နေကြရသည့်အပြင် ယခုမိုးတွင်းကာလတွင် ကျန်းမာရေး အခက်အခဲကြုံတွေ့နေကြရပြီး ဆေးဝါးများ လိုအပ်နေကြောင်း ဦး Simon က ပြောသည်။

”ဒီအခြေခံ စားသောက်ကုန် တစ်ခုတည်းမဟုတ်ဘဲနဲ့ ကျန်းမာရေးပိုင်း အဟာရပြည့်ဝမယ့် ဗီတာမင်တွေက အစ ပေါ့လေ။ ပြီးတော့ ကလေးတွေအတွက်၊ လူနာတွေအတွက် ဆေးပစ္စည်းပိုင်းတွေလည်း အများကြီးလို အပ်နေပါ တယ်” ဟု ဦး Simon က ပြောသည်။

ချင်းလူထုဖွံ့ဖြိုးရေးကွန်ရက် (NCCD) အနေဖြင့် လွန်ခဲ့သည့် မေလတုန်းကလည်း ချင်းပြည်နယ်၊ ထန်တလန်မြို့ နယ်နှင့် တီးတိန်မြို့ရှိ စစ်ဘေးရှောင်များ နေထိုင်သည့် ကျေးရွာ ၁၀ ခုတွင်လည်း စားနပ်ရိက္ခာများ ဖြန့်ဝေခဲ့ပြီး ဖြစ်သည်။

နေ့စဥ်နှင့်အမျှ တိုက်ပွဲဖြစ်ပွားနေလျက်ရှိသည့် ချင်းပြည်နယ်တွင် စစ်ဘေးရှောင်အရေတွက်မှာ ပိုမိုတိုးမြင့် လာ နေသည့်အတွက် အစားသောက်နှင့် ကျန်းမာရေး အခက်ခဲများ ကြုံတွေ့နေကြပြီး အကူညီ ပိုမိုလိုအပ်လာနေ သောကြောင့် ပြည်တွင်းပြည်ပ အလှူရှင်များ၏ ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း ဦး Simon က ပြောဆိုသည်။

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...