ZRA က CDF-Tonzang တပ်ရင်း ၃ စခန်း စီးနင်းသိမ်းပိုက်

ZRA က CDF-Tonzang တပ်ရင်း ၃ စခန်း စီးနင်းသိမ်းပိုက်

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် အခြေစိုက်တပ်စွဲထားသော CDF-Tonzang တပ်ရင်း ၃ စခန်းကို Zomi Revolutionary Army က စီးနင်းသိမ်းပိုက်လိုက်သည်ဟု CDF-Tonzang တာဝန်ရှိသူများက အတည်ပြု ပြော သည်။

တွန်းဇံမြို့နယ်တွင် အခြေစိုက်တပ်စွဲထားသော CDF-Tonzang တပ်ရင်း ၃ စခန်းကို သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု CDF-Tonzang စစ်ဦးစီးချုပ် ဦးထန်စွမ်းမုန် (ခေါ်) Zo Mu Mung က ဟု ပြောသည်။

“ကျွန်တော်တို့ ရက်တိုစစ်သင်တန်းပေးတာ။ အဲ့တာပြီးတာနဲ့ နောက်တစ်ရက်မှာ ရဲဘော်တစ်ယောက်က ထွက် ပြေးသွားတာ။ အဲ့ဒါနဲ့ ကျွန်တော်တို့ Mission ပျက်ပြီဆို တော့ ကိုယ့်တပ်ခွဲနဲ့ကိုယ်ပြန်ကြရအောင်ဆိုပြီးတော့ ခွဲတဲ့အချိန်မှာ ZRA တက်လာတယ်ဆို တဲ့ သတင်းရတယ်၊ ရဲဘော် တွေကို သေနတ် ချက်ချင်းဝေပေးနိုင်ခဲ့တယ်။ အဲ့တာနဲ့ ကျည်ဆံအပိုတွေကို အကုန် လုံးထည့်ပေးလိုက်ဆိုပြီး ကျွန်တော့် ဗျူဟာမှူးကို ပြောလိုက်တဲ့အချိန်မှာ ZRA တွေ စတင်ပစ်လာတယ်။”

ထို့သို့ ZRA တပ်ဖွဲ့များ၏ ပစ်ခတ်မှုကို ပြန်လည်ခုခံရာတွင် မိနစ် ၂၀ ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ CDF -Tonzang ရဲဘော်တစ်ဦး လက်တွင် ကျည်ထိမှန်ရာ မစိုးရိမ်ရ ဒဏ်ရရှိခဲ့ပြီး အကျဆုံးမှုမရှိ စခန်းကို ဆုတ်ခွာနိုင်ခဲ့ ကြသည်ဟု သူက ဆက်ပြောသည်။

သို့သော် CDF-Tonzang တပ်ရင်း ၃ စခန်းထဲရှိ Drone ၂ လုံး၊ ၆၀ မမ တစ်လက်၊ RPG ၁ လက်၊ ၄၀ မမ ၁ လက်၊ AK ကျဥ်ဆံ အထောင့် ၁၀၀၀ နှင့် ဆိုင်ကယ် ၇ စီး အပါဝင် ဆန်အိတ် ၂၀ ခန့်ကိုလည်း ZRA တပ်ဖွဲ့ နှင့် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရမိသွားသည်။

ထိုတိုက်ပွဲတွင် ZRA နှင့် စစ်ကောင်စီတပ်ဖွဲ့များ ပူးပေါင်းသည်ဟု ပြောဆိုမှုရှိသော်လည်း ခိုနူမ်းသုန်သတင်းဌာန အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ Zomi Revolutionary Army (Eastern Command) ကလည်း စက်တင်ဘာလ ၁ ရက်နေ့တွင် ကြေညာချက် တစ်စောင်ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် CNF တပ်ဖွဲ့၏ ကွပ်ကဲစေခိုင်းမှုဖြင့် တွန်းဇံမြို့ကို ဖျက်ဆီးရန် ရည်ရွယ်ကာ တွန်းဇံ မြို့‌ ဒေသအတွင်း အပြစ်မဲ့ပြည်သူများကို ခြိမ်းခြောက်ကာ ကျောင်းသူ/သား ပညာဆည်းပူးမှုကို ဟန့်တား ပိတ် ပင်နေရုံမက မိမိတို့ ZRA ၏ အရှေ့ပိုင်းတိုင်းကို တိုက်ခိုက်ရန် ထပ်ခါထပ်ခါ ခြိမ်းခြောက်လာနေခြင်းကြောင့် လက်ဦးမှု ရယူကာ တိုက်ထုတ်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် Zomi Revolutionary Army (Eastern Command)၏ ခွင့်ပြုချက်မရှိဘဲ လာရောက်အခြေချသည့် လက်နက်ကိုင်တပ်ဖွဲ့များကိုလည်း  ဇိုမီးဒေသအတွင်းမှ ထွက်ခွါသွားကြရန်လည်း သတိပေးထားသည်။

Zomi Revolutionary Army (Eastern Command) သည် ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်နှင့် တွန်းဇံမြို့ နယ်တို့တွင် အခြေစိုက်သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စခန်းများကို ဖျက်ဆီးသိမ်းပိုက်မှုများလည်း ယခင်ကလည်း လုပ်ဆောင်ခဲ့သည့်အပြင် ချင်းအမျိုးသားတပ်မတော် CNA နှင့် CDF ပူးပေါင်းတပ်ဖွဲ့များနှင့် လည်း တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။

April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...