ကွတ်ခိုင်မြို့နယ် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ၃ ဦး ထိခိုက်ဒဏ်ရာရ

ကွတ်ခိုင်မြို့နယ် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ၃ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ အခြေစိုက် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီး တစ်လုံးကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

စက်တင်ဘာလ ၁ ရက်နေ့၊ မွန်းလွှဲ ၂ နာရီခွဲအချိန်တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ အခြေစိုက် စစ်ကောင်စီ၏ တပ်ရင်း အမှတ် (၁၂၃) တပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီး တစ်လုံးသည် နမ့်ဖတ်ကာရှိ  ဇီးတဘန်ရပ် ကွက် (၁) ကားလမ်းမပေါ်၌ ကျပေါက်ကွဲခဲ့ပြီး အရပ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း နမ့်ဖတ်ကာ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ရပ်ကွက် ၁ ကားလမ်းပေါ်မှာ လက်နက်ကြီးကျလို့ ၃ ယောက် ထိခိုက်ဒဏ်ရာ ရတယ်။ တစ်ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ အခု ထိခိုက်ဒဏ်ရာရတဲ့ ၃ ယောက်ကိုတော့ ဆေးရုံပို့ထားတယ်“ ဟု ၎င်း အမျိုးသမီး က ပြောသည်။

စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် သေဆုံးသွားရသူသည် အသက် ၃၅ နှစ်ကျော် အမျိုးသားတစ်ဦးဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ၃ ဦးအနက် အမျိုးသမီးတစ်ဦးသည် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာရသူများကို ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံများက ပြောသည်။

“အခု ကျနော်တို့ မိသားစုတွေ ကတုတ်ကျဉ်း ထဲမှာ ပုန်းနေရတယ်။ တစ်ပတ်လောက်ရှိပြီ။ အဓိကတော့ နေအိမ် ပေါ်မှာ လက်နက်ကြီး ကျည်ကျပေါက်ကွဲမှာ ကြောက်လို့ပေါ့“ ဟု နမ့်ဖတ်ကာဒေသခံ အမျိုးသားတစ်ဦးက ပြော သည်။

အလားတူ သြဂုတ်လ ၃၀ ရက်နေ့တွင် စစ်ကောင်စီနှင့် TNLA တပ်တို့ နှစ်ဘက်တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှ အမှတ် ၁၊ အမှတ် ၂ ရပ်ကွက်နှင့် ဟိုပုံရပ်ကွက်အတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှု ကြောင့် အသက် (၁၆) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ပြီး ကလေး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

April 29, 2026
စိုင်းဟန်လင်း — ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...
April 28, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့်...
April 27, 2026
စိုင်းဆိုင်အိုက်  —သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)...
April 25, 2026
စိုင်းဟန်လင်း — စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက...