ကန်ပက်လက် ကျန်းမာရေးဌာနမှ Non-CDM ၆၀ ဦးကို အမည်ပျက်ဝန်ထမ်းအဖြစ် ကန်ပက်လက် ပအဖ ကြေညာ

ကန်ပက်လက် ကျန်းမာရေးဌာနမှ Non-CDM ၆၀ ဦးကို အမည်ပျက်ဝန်ထမ်းအဖြစ် ကန်ပက်လက် ပအဖ ကြေညာ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် အတွင်းက စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသော ကျန်းမာရေးဌာနမှ Non-CDM (၆၀) ဦးကို အမည်ပျက်ဝန်ထမ်းများအဖြစ် ကန်ပက်လက်မြို့နယ်၊ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ကြေညာလိုက်သည်။

အဆိုပါ အမည်ပျက်ဝန်ထမ်းများစာရင်းကို ကန်ပက်လက် ပအဖ အဖွဲ့က ဩဂုတ် ၂၈ ရက်နေ့တွင် ကြေညာလိုက် ခြင်း ဖြစ်သည်။

ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးမှ တာဝန်ရှိသူ တစ်ဦးက “လောလောဆယ်တော့ အကျင့်ပျက် ဝန် ထမ်းလို့ သူတို့ကို သတ်မှတ်လိုက်တဲ့အတွက် ပြည်သူ့အုပ်ချုပ်ရေး အောက်မှာ နယ်လှည့်ဆေးကုသမှုတွေရော ကျန်းမာရေးဌာနတွေရဲ့ လုပ်ငန်းဆောင်တာတွေမှာ သူတို့ကို လုံးဝ အသုံးပြုမှာ မဟုတ်ပါဘူး။ သူတို့ကို ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းတွေမှာမှ ပူးပေါင်းပါဝင်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူး။ အခု blacked list ထုတ်ပြန်သူတွေကို ပြည် သူ့ အုပ်ချုပ်ရေးရဲ့ ဆေးကုသမှုတွေနဲ့ ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းတွေ အားလုံးကို လုပ်ကိုင်ခွင့်လည်း ပေးမှာ မဟုတ်ပါဘူး။ နောင်တချိန်မှာ ပြည်သူ့အုပ်ချုပ်ရေးရဲ့ ဝန်ထမ်းစာရင်းထဲမှာလည်း ထည့်မှာ မဟုတ်ပါဘူး” ဟု ပြောသည်။

ကန်ပက်လက်မြို့နယ်၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများသည် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ကန်ပက်လက်မြို့ ပအဖမှ CDM/Non-CDM စုံစမ်းစစ်ဆေးရေး ကော်မတီက စစ်ဆေးတွေ့ရှိရသဖြင့် အမည်ပျက် ဝန်ထမ်းများအဖြစ် ကြေညာခြင်းဖြစ်သည်ဟု ဆိုသည်။

သို့သော် ယခုစာရင်းမှာ ပါဝင်နေသော CDM ဝန်ထမ်းများ ရှိပါက ခိုင်လုံသော အထောက်အထားဖြင့် CDM/Non-CDM စုံစမ်းစစ်ဆေးရေး ကော်မတီထံသို့ အယူခံဝင်ခွင့်ရှိသည်ဟုလည်း တာဝန်ရှိသူက ပြောသည်။

ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် ဌာန ၁၁ ခုရှိပြီး ကန်ပက်လက်နှင့် ကျင်ဒွေးမြို့များက လွဲ၍ ကျန်သော ကျေးရွာပေါင်း ၁၀၀ ကျော်တွင် CDM ကျန်းမာရေး ဝန်ထမ်း ၁၀၀ နီးပါးဖြင့် ကျန်းမာရေး စောင့် ရှောက်မှု ပေးနေသည်။

ကျန်းမာရေးဝန်ဆောင်မှုကို မိုဘိုင်းကျန်းမာရေးစနစ်နှင့် အထိုင် ကျန်းမာရေးဆေးခန်းများ ဖွင့်လှစ်၍ တမြို့နယ် လုံးနီးပါးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည်ဟု ကန်ပလက်-ပအဖမှ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသော ကန်ပက်လက်မြို့နယ်မှ ဌာနအသီးသီးက Non-CDM များကို အမည်ပျက် စာရင်းထည့်သွင်းခြင်းနှင့်ပတ်သက်၍ ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ဆိုသည်။

ဇူလိုင် ၄ ရက်နေ့ကလည်း ကန်ပက်လက်မြို့နယ်၊ ပညာရေးဌာနမှ ဝန်ထမ်း ၈၀၀ ကျော်ထဲက စစ်ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်နေသော Non CDM ဝန်ထမ်း ၃၂၂ ဦးကို အမည်ပျက်ဝန်ထမ်းအဖြစ် ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ကြေညာထားသည်။

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...