မလေးရှားမှာ အထောက်အထားမဲ့ ချင်းလူမျိုး ၁၀၀ နီးပါးဖမ်းဆီးခံရဟု ဆို

မလေးရှားမှာ အထောက်အထားမဲ့ ချင်းလူမျိုး ၁၀၀ နီးပါးဖမ်းဆီးခံရဟု ဆို

မလေးရှားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် ချင်းလူမျိုးအယောက် ၁၀၀ နီးပါးခန့် ဖမ်းဆီးခံခဲ့ရ သည်ဟု မလေးရှားနိုင်ငံမှ ချင်းလူမှုရေးအဖွဲ့နှင့် တက်ကြွလှုပ်ရှားသူအချို့က ပြောသည်။

ဩဂုတ်လ ပထမပတ်မှ ဒုတိယပတ်အတွင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ Cheras နေရာနှင့် ဆာရာဘန်းမြို့ ဘုရားကျောင်း ဆုတောင်းပွဲ နေရာများတွင် ချင်းလူမျိုးများ အများဆုံး ဖမ်းဆီးခံရသည်ဟု မလေးရှားနိုင်ငံ၊ ချင်းလူမှုရေးအဖွဲ့မှ ဦးအိုက်လွင်က ပြောသည်။

မလေးရှားနိုင်ငံ၊ ချင်းလူမှုရေးအဖွဲ့မှ ဦးအိုက်လွင်က “အများဆုံးကတော့ Cheras လူနေအိမ်ဖက်တွေ ဝင်ဖမ်းတဲ့ နေရာမှာ အဖမ်းခံရတာအများဆုံးဖြစ်မယ်။ အဲ့ နေရာ က ချင်းတွေ အများဆုံးနေတဲ့ နေရာပေါ့နော်။ ပြီးတော့ နောက်တစ်နေရာကြတော့ ဆာရာဘန်းမြို့မှာ ဒီနိုင်ငံသား တွေရဲ့ ဘုရားကျောင်းမှာပဲ ဆုတောင်းပွဲတွေ လုပ်နေတဲ့ ချင်းလူမျိုးတွေရောပါပဲ။ အဲဒီနှစ်နေရာကတော့ ချင်းတွေ အများဆုံး ပါသွားတဲ့ နေရာလို့ ပြောလို့ရတာပေါ့” ဟု ပြောသည်။

ဖမ်းဆီးခံရသူများတွင် မတူပီဖက်က အများဆုံးအဖမ်းခံရပြီး ပလက်ဝ၊ မင်းတပ် နှင့် ရခိုင်ပြည်နယ်ဖက်က ချင်း လူမျိုးများလည်း အများအပြားလည်း ဖမ်းဆီးခံရသည်ဟု ဆိုသည်။

ဖမ်းဆီးခံထားရသူ အများစုမှာ မည်သည့် အထောက်အထားမှ မရှိကြဘဲ UNHCR ဒုက္ခသည်အဖြစ်လည်း လျှောက်ထားဆဲ ဖြစ်၍ အမြင့်ဆုံး ထောင်ဒဏ် ၆ လ ချမှတ်ခံရနိုင်ပြီး အားလုံးနီးပါး မြန်မာနိုင်ငံသို့ ပြန်ပို့ခံရနိုင် သည်ဟု ချင်းတက်ကြွလှုပ်ရှားသူများက ပြောသည်။

“အခုက နေရာတော်တော်များများကို စီမံချက်နဲ့ ဖမ်းနေတာ ဖြစ်တယ်။ ကျနော်တို့အနေနဲ့ အဖမ်းခံရတဲ့ သူတွေ ကို သက်ဆိုင်ရာနဲ့ ပူးပေါင်းပြီးမှ လုပ်ပေးတယ်။ ဒါပေမဲ့ အသစ်ရောက်လာတဲ့ သူတွေက (UNHCR) လျှောက်ထား ဆဲ ဖြစ်တဲ့အတွက် လွတ်လမ်းတော့ မမြင်ဘူး” ဟု ဦးအိုက်လွင်က ဆက်ပြောသည်။

လက်ရှိတွင် မလေးရှားထဲ မြန်မာနိုင်ငံသား ၂၀၀ ဝန်းကျင်ခန့် ဖမ်းဆီးခံထားရပြီး ဩဂုတ်လဆန်းပိုင်းကစ၍ မလေးရှားနိုင်ငံမှ တာဝန်ရှိသူများက စီမံချက်နှင့် တရားမဝင် နေထိုင်မှုများပြားလာသော နေရာများကို ဝင်ရောက် စီးနင်း ဖမ်းဆီးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံတွင် တရားဝင် အထောက်အထားနှင့် အထောက်အထားမဲ့ အလုပ်လုပ်ကိုင်နေသူ ချင်းလူမျိုး တစ်သိန်း ဝန်းကျင်ခန့် ရှိသည်ဟု မလေးရှားရောက် ချင်းလူမှုရေးအဖွဲ့များက ပြောသည်။

မလေးရှားရောက် မြန်မာ့အရေး ကူညီပေးနေသူများက ဩဂုတ်လအတွင်းက ဖမ်းဆီးခံထားရသော မြန်မာ နိုင်ငံ သားများကို မြန်မာပြည်သို့ ပြန်မပို့ရန် မလေးရှားအစိုးရကို တောင်းဆိုသွားမည်ဟု ဆိုသည်။

Most read this week

(ပုံဟောင်း) ကလေးမြို့နယ်အတွင်း မြင်ကွင်း။
August 4, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မွန်းလိုင်နှစ်ခြင်းဘုရားကျောင်း အနီး ဗိုလ်ချုပ်လမ်းပေါ်တွင်...
July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...