ကန်ပက်လက်၊ မြတ်နိုးသူကွေ့ အနီးတိုက်ပွဲမှာ စစ်ကောင်စီမှ ၅ ဦးသေဆုံး၊ CDF မှ ၄ ဦး ဒဏ်ရာရ

ကန်ပက်လက်၊ မြတ်နိုးသူကွေ့ အနီးတိုက်ပွဲမှာ စစ်ကောင်စီမှ ၅ ဦးသေဆုံး၊ CDF မှ ၄ ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းတပ်တို့ ကန် ပက်လက် မြို့အောက်ဘက်၊ မြတ်နိုးသူအကွေ့အနီးမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီမှ ၅ ဦး သေဆုံး ပြီး ချင်းပူးပေါင်းတပ်က ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ကန်ပက်လက်မြို့နယ်သို့ စစ်ကြောင်း (၂) ကြောင်းထိုးနေရာမှ ဆောမြို့နယ်ဘက်မှ ကန်ပက်လက်မြို့သို့ အင်အား ၁၇၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေး ပူပေါင်းတပ် (CDF) တို့ ဇူလိုင်လ ၁၉ ရက်နေ့၊ ညနေပိုင်း ၆ နာရီခန့်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ချင်းကာကွယ်ရေးတပ် - ကန်ပက်လက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီမှ ၅ ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိသူများ ရှိပြီး ချင်းကာကွယ်ရေးတပ် - ကန်ပက် လက်မှ ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ အချို့ရဲဘော်များမှာ ဒဏ်ရာ ပြင်းထန်ခဲ့သည်။

“ကျမတို့ ကန်ပက်လက်က နယ်မြေကျဉ်းတယ် လူဦးရေနည်းတယ်ဆိုပေမဲ့ အားလုံးစုစုစည်းစည်းနဲ့ စစ်ကောင်စီ ကို အမြစ်ဖြတ်ချေမှုန်းနေတာ တော်လှန်ရေးအစကတည်းကနေ ခုထိပါပဲ။ ကျမတို့ဘက်က လက်နက် ငွေကြေး အားနည်းပေမဲ့ ဒီလို စစ်မျက်နှာ  ၂ နေရာနဲ့ တပြိုက်နက် ထိုးစစ်ဆင်တာကို ခုထိလည်း ထိန်းထားနိုင်တယ်၊၊ ဆက် ပြီးတော့လည်း တိုက်နေမှာဆိုတော့ ရဲဘော်တွေ အားတက်အောင် အဓိက ကျည်နဲ့ ခဲယမ်း ရိက္ခာပိုင်း ထောက်ပို့ ပေးကြ ဖို့ပဲ လိုနေပါတယ်” ဟု CDF - ကန်ပက်လက်က တာဝန်ရှိသူက ပြောသည်။

မကွေးတိုင်း၊ လောင်းရှည်မှ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ အင်အား ၃၀၀ ခန့်၊ သံချုပ်ကာကား (၂)စီး၊ JCV ကားတစ်စီး နှင့် စစ်ကား ၂၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေမှုကို ချင်းကာကွယ်ရေးတပ်နှင့် ပြည်သူကာကွယ်ရေး တပ်တို့ ပူးပေါင်းတိုက်ခိုက်နေပြီး စစ်ကောင်စီမှ ၂၀ နီးပါး ကျဆုံးနေကာ ဒဏ်ရာရရှိသူများပြားသည်ဟု ဆိုသည်။

စစ်မျက်နှာ နှစ်ခုက တိုက်ပွဲများတွင် ချင်းကာကွယ်ရေးတပ် - CDF မှာလည်း ရဲဘော်တချို့ ထိခိုက်ဒဏ်ရာ ရရှိထားရာ အချို့မှာ ဒဏ်ရာပြင်းထန်သည်။

ချင်းကာကွယ်ရေးတပ် - ကန်ပက်လက်နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ လိုအပ်ချက်အချို့ကို လုံလောက်စွာ မဖြည့် ဆည်းပေးနိုင်သည့် အပြင် နေ့စဉ်တိုက်ပွဲမှာ မဖြစ်မနေ သုံးစွဲနေရသော ဓါတ်ဆီကိုပင် အကြွေးဖြင့် ဝယ်ယူနေရ သည်ဟု CDF- ကန်ပလက်၊ ခေါ်နူးတပ်ရင်းမှ ထုတ်ပြန်ထားသည်။

ချင် - မကွေး အစပ်ရှိ အရပ်သားပြည်သူများ သုံးထောင်နီးပါးခန် စစ်ဘေးရှောင်နေရပြီး ၎င်းတို့ထဲမှ နှစ်ထောင် နီးပါးသည် ကန်ပက်လက်မြို့နယ်အတွင်း စစ်ဘေးရှောင်နေရကာ စစ်ရှောင်အချို့ ဖျားနာနေသောကြောင့် ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း၊ စားနပ်ရိက္ခာနှင့် အမိုးအကာများလည်း အရေးပေါ် လိုအပ်နေသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...