ခြင်ကြောင့်ဖြစ်တဲ့ ရောဂါကနေ ကာကွယ်ဖို့ စစ်ရှောင်တွေ ဆောင်ရွက်နေကြ

ခြင်ကြောင့်ဖြစ်တဲ့ ရောဂါကနေ ကာကွယ်ဖို့ စစ်ရှောင်တွေ ဆောင်ရွက်နေကြ

ခြင်မှတဆင့် ဖြစ်ပွားနိုင်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် အသိပညာပေးလုပ်ငန်းတွေနဲ့ ရေကန်ထဲ ပိုးသတ်ဆေးထည့်ထားတဲ့ အစီအစဉ်တွေကို စစ်ရှောင်စခန်းတွေမှာ ဆောင်ရွက်နေကြပါတယ်။

လက်ရှိမိုးရာသီမှာ စစ်ရှောင်စခန်းအတွင်း ခြင်ကြောင့်ဖြစ်တဲ့ ရာသီတုပ်ကွေးနဲ့ ငှက်ဖျားတွေ အဖြစ်များနေတဲ့ အတွက် အခုလို ကြိုတင်ဆောင်ရွက်ကြတာ ဖြစ်တယ်လို့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင် ကူညီသူတစ်ဦးက ပြောပါတယ်။

“ဥပမာ ရေကန်တို့ ဘာတို့ဆိုရင် ပိုးသတ်ဆေးတို့ ပိုးလောက်လန်းဆေးတို့ ကျနော်တို့ လိုက်ထည့် ထားပေးတာ မျိုးတွေ ရှိတယ်။ ပြီးတော့မှ ကျနော်တို့ ခဏက တကယ်လို့ ဖျားနာလို့ရှိရင် ကျနော်တို့ ကျေးရွာမှာလည်း ဆေး ပေးခန်းမျိုးတွေ ရှိတယ်။ ပြီးတော့ မွန်ဘိုင်းကနေလည်း clinic ဆေးအဖွဲ့တွေလည်း ရှိတယ်ပေါ့နော။ အဲဒီလိုမျိုး ခါကျတော့ ကျနော်တို့ လိုအပ်ရင် အကူအညီတောင်းရင် ဖျားနာရင် ကျန်းမာရေးနဲ့ ပတ်သက်ပြီး အသိပညာပေး တဲ့ Program ( အစီအစဉ်)လေးတွေ လုပ်နေတာလည်း ရှိတယ်ပေါ့နော” လို့ သူက ပြောပါတယ်။

စစ်ရှောင်အများစုဟာ တောတောင်တွေထဲမှာ စစ်ရှောင်နေကြရတဲ့အတွက် လက်ရှိမှာ ခြင်ကြောင့် ဖြစ်တဲ့ ရော ဂါတွေ အဖြစ်များနေတယ်လို့ ဆိုပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေးကို တစ်အိမ်ထဲနေထိုင်တဲ့ မိသား စုဝင် နှစ်ဦး ကူးစက်ခံနေရပြီး ထပ်မံ မကူးစက်အောင် မိသားစုဝင်တွေကို ခွဲထားလိုက်တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“အစကတော့ တူလေးပဲဖြစ်တယ်ပေါ့။ အခုက အမေက ခုခံအားနည်းလို့ဖြစ်မှာပေါ့။ သူချောင်းဆိုးတော့ အမေ ပါဖြစ်သွားတယ်။ နောက်ပိုင်း ခွဲထားလိုက်တော့ မကူးတော့ဘူးပေါ့နော။ တခြားမိသားစုဝင်တွေကို မကူးတော့ ဘူးပေါ့နော“ လို့ သူက ပြောပါတယ်။

လက်ရှိနေထိုင်တဲ့ ကျေးရွာမှာလည်း ရာသီတုပ်ကွေးဖြစ်ပွားနေသူ ၁၀ ဦးနဲ့အထက်ရှိပြီး ကလေးနဲ့ သက်ကြီးပိုင်း တွေမှာ အဖြစ်များပေမယ့် ပြင်းထန်ဖြစ်ပွားတဲ့သူ မရှိဘူးလို့ ဆိုပါတယ်။

ဆေးဝါးရရှိဖို့ အလှူရှင်တွေကလည်း နည်းပါးလာနေပြီး ဆေးဝါးသယ်ယူရေးအပိုင်းမှာလည်း အခက်အခဲရှိတဲ့ အတွက် စစ်ရှောင်တွေအနေနဲ့ ကာကွယ်ရေးနည်းလမ်းတွေကိုသာ အဓိက ဆောင်ရွက်ကြဖို့လည်း လူထုကျန်းမာ ရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက် (CHDN ) ဒါရိုက်တာ ဆရာဖိလစ်က တိုက်တွန်းထားပါတယ်။

“ကျနော်တို့ ဒီလိုပဲ တောထဲ တောင်ထဲမှာ ပုန်းအောင်းနေရတယ်။ ဆေးဝါးတွေကလည်း ကျနော်တို့ သယ်ဖို့ ခက် ခဲတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ကြိုတင်ကာကွယ်မှုကိုပဲ ဦးစားပေးခိုင်းစေချင်တယ်“ လို့ ဆရာဖိလစ်က ပြောပါတယ်။

လက်ရှိ စစ်ရှောင်စခန်းတွေမှာတော့ ရာသီတုပ်ကွေးနဲ့ ငှက်ဖျား‌ရောဂါ ဖြစ်ပွားမှုနှုန်း များနေပေမယ့် ရောဂါ ပြင်း ထန်သူနည်းပါးပြီး အသက်သေဆုံးရတဲ့အထိ မရှိသေးဘူးလို့ သိရပါတယ်။

Most read this week

December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...
December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...