စစ်တပ်စခန်း ၃ ခုနှင့် ဂိတ် (၁) ခု တိုက်ခိုက်ခံရပြီး ဗိုလ်တစ်ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

စစ်တပ်စခန်း ၃ ခုနှင့် ဂိတ် (၁) ခု တိုက်ခိုက်ခံရပြီး ဗိုလ်တစ်ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီ တပ်၏ စခန်း ၃ ခုနှင့် စစ်ဆေးရေးဂိတ် (၁) ခုကို တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ စစ်တပ်ဘက်က ဗိုလ်တစ်ဦး သေဆုံး ကာ ၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F ၊ Cloud Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း(ခလရ-၂၈၃) တပ်ရင်းဌာန ချုပ်၊ ခုတ်ခွါး စစ်စခန်း၊ အဘစ်စစ်ကောင်စီဂိတ်နှင့် ခလယ်တံခွန်တိုင်ရဲစခန်းတို့ကို ဒရုန်းအကြိမ်ရည် ၂၀ ခန့်နှင့် ဗုံးသီး ၅၀ ကျော်အထိ တိုက်ခိုက်ခဲ့ကြောင်း SOF ၏ ရဲဘော်တစ်ဦးက ပြောသည်။

၎င်းက “ဇွန် ၂၉ ကနေ ဒီနေ့မနက်အထိ ဒရုန်းနဲ့ကြဲခဲ့တယ်။ စကစရဲ့ ခလရ ၂၈၃ ၊ ခုတ်ခွါးစခန်း၊ အဘစ်စစ်ဆေး ရေး ဂိတ်နဲ့ ခလယ်တံခွန်တိုင်ရဲစခန်း၊ ပြီးတော့ လှုပ်ရှားစစ်ကြောင်းလာတဲ့နေရာကိုလည်း တိုက်ခိုက်ခဲ့တယ်။ အမြောက်တပ် အမတ-၃၁၈ က စစ်ဗိုလ်တစ်ဦး စစ်သား ၅ ဦးပြင်းထန်ဒဏ်ရာရပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဇွန်လ ၂၉ ရက်နေ့ မှ စတင်၍ ဇူလိုင်လ ၅ ရက်နေ့အထိ တိုက်ခိုက်မှုပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်ဟု အထူးစစ်ဆင် ရေးတပ်ဖွဲ့-SOF က သတင်း ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်ခံမှုနှင့် ပတ်သက်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ စစ်ကောင်စီ၏ ထိခိုက်ကျဆုံးမှု အခြေအနေကို သတင်းထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထား ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်များ၏ ရဲစခန်းနှင့် ဂိတ်နေရာများ တိုက်ခိုက်ခံရပြီးသည့်နောက် နီးစပ်သည့်ကျေးရွာများထဲသို့ စစ်တပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သောကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရသည်ဟုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ဆိုသည်။

“လက်နက်ကြီးကတော့ တောက်လျှောက်ပစ်နေတာပဲ။ ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ အကုန်ပစ်တယ်။ ခလယ် တံခွန်တိုင်နဲ့ ပုလိန်ရွာထဲကိုလည်း လက်နက်ကြီးကျတယ်။ ခလယ်တံခွန်တိုင်ဝန်းကျင်က ရွာတွေမှာ အရပ်သား တွေ အကုန်ပြေး ကုန်ကြပြီး” ဟု Cloud Wings ဒရုန်းတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့တွင်လည်း KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF၊ Cloud Wings ဒရုန်း တပ်ဖွဲ့တို့ ပူးပေါင်း၍ စစ်ကောင်စီတပ်၏ ရဲစခန်း၊ ထွေအုပ်ရုံး၊ လဝကရုံး၊ ဆက်သွယ်ရေးရုံး၊ တရားသူကြီးရုံး စသည့် စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရားဆိုင်ရာရုံးများကို တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ သေးသည်။

လက်ရှိတွင် အဆိုပါ စစ်ကောင်စီတပ်၏ ဂိတ်စခန်းနှင့် နေရာများကို တိုက်ခိုက်ခဲ့သည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ -SOF၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA တို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ရေး-သံဖြူဇရပ် ပြည်ထောင်စု လမ်းမကြီးပေါ်တွင်လည်း လုံခြုံရေးယူ၍ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိသည်။

Photo: SOF

Most read this week

December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...