Non-CDM ဝန်ထမ်း ၃၀၀ ကျော်ကို အမည်ပျက်ဝန်ထမ်းများအဖြစ် ကန်ပက်လက် (ပအဖ) ကြေညာ

Non-CDM ဝန်ထမ်း ၃၀၀ ကျော်ကို အမည်ပျက်ဝန်ထမ်းများအဖြစ် ကန်ပက်လက် (ပအဖ) ကြေညာ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီ၏ ယန္တရားကို လည်ပတ်စေပြီး ပြည်သူ့အုပ်ချုပ်ရေးကို ထိခိုက်စေသည့် Non-CDM ဝန်ထမ်း ၃၀၀ ကျော်ကို အမည်ပျက်ဝန်ထမ်းများအဖြစ် ကန်ပက်လက်မြို့နယ်၊ ပြည် သူ့အုပ်ချုပ်ရေးအဖွဲ့ က ကြေညာလိုက်သည်။

ဇူလိုင်လ ၄ ရက်မှာ ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က Non-CMD ဝန်ထမ်း အယောက် ၃၀၀ ကျော်ကို အမည်များနှင့် တကွ ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။

ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက “အမည်ပျက်ကြေငြာခံရတဲ့သူတွေကို CDF ဂိတ်ဖြတ်သန်းခွင့် ပေးမှာ မဟုတ်ဘူး။ သူတို့ကို ထပ်ဆောင်းပြီးမှ အရေးယူမှုတွေ လုပ်သွားမှာပါ။ ဘာလို့ဆို တော့ ကန်ပက်လက်မှာ စကစ ကျောင်း တစ်ကျောင်းမှ မရှိစေရဘူး။ ဒါပေမဲ့ Non-CDM ကို အရေးယူချင်တဲ့ ဆန္ဒ နဲ့ အခုက ပထမ ဦးစားပေးမဟုတ်ပါဘူး။ ဘယ်သူက CDM ဝင်တယ်။ ဘယ်သူက Non-CDM ဖြစ်နေ တယ် ဆိုတာ ဝေဝါးနေတဲ့အတွက် ဒီစာရင်းကို ကြည့်ပြီး ဆက်သွယ်စုံစမ်းလို့ ရအောင်ပါ” လို့ ပြောသည်။

အမည်ပျက်ဝန်ထမ်းအဖြစ် ကြေညာခံရသူများသည် ကန်ပက်လက်မြို့နယ် ပညာရေးဌာန၏ ဝန်ထမ်း ၈၀၀ ကျော်ထဲမှ Non - CDM အဖြစ် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသော ဝန်ထမ်း (၃၂၂) ဦးကို ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

သို့သော် ယခုစာရင်းမှာ ပါဝင်နေသော CDM ဝန်ထမ်းများ ရှိပါက ခိုင်လုံသော အထောက်အထားဖြင့် CDM/Non-CDM စုံစမ်းစစ်ဆေးရေး ကော်မတီထံသို့ အယူခံဝင်ခွင့်ရှိသည်ဟု ဆိုသည်။

အမည်ပျက်ဝန်ထမ်းအဖြစ် ကြေညာခံရသူများသည် စစ်ကောင်စီလက်အောက် ကျောင်းများမှာ စာသင်နေသူများ (Non-CDM)၊ CDM လုပ်သည်ဟု ပြောပြီ လစာခိုးထုတ်နေသူများနှင့် တချို့က ဝိုင်းကျူရှင်တွေဖွင့်ပြီး စာသင်နေသူများ ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသော ကန်ပက်လက်မြို့နယ်တွင်းမှ ဌာနအသီးသီးက Non-CDM များကို အမည်ပျက်စာရင်းထည့်သွင်းခြင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဟုသိရသည်။

ကန်ပက်လက်မြို့နယ်တွင် ကန်ပက်လက်မြို့ပေါ်က စာသင်ကျောင်းများနှင့် ကျင်ဒွေးမြို့က စာသင်ကျောင်းတွေသာ စစ်ကောင်စီက ဖွင့်လှစ်ထားနိုင်ပြီး ကျန်ရှိသော ကျေးရွာပေါင်း ၁၀၀ ကျော်မှာ ပြည်သူ့စာသင်းကျောင်းတွေ ဖွင့်လှစ်ထားသည်ဟု ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးမှ တာဝန်ရှိသူက ပြောသည်။

ကန်ပက်လက်မြို့နယ်ထဲက ပြည်သူ့ကျောင်းတွေမှာ CDM ပညာရေးဝန်ထမ်းတွေ၊ စေတနာဝန်ထမ်းတွေနှင့် မူလတန်းမှ အထက်တန်းအထိ သင်ကြားပေးနေသည်။

ထိုကျောင်းများမှာ စာရေးကိရိယာအပါအဝင် ကျောင်းသုံးပစ္စည်းတချို့ အခက်အခဲ ရင်ဆိုင်နေရပြီး ဆရာ/မ ရှားပါးမှု အနည်းငယ်လည်း ရှိနေသည်ဟုသိရသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...