ကုန်စျေးနှုန်း အဆမတန်မြင့်တက်မှုကြောင့် ဖယ်ခုံအနောက်ခြမ်းက စစ်ရှောင်တောင်သူများ ခက်ခဲနေ

ကုန်စျေးနှုန်း အဆမတန်မြင့်တက်မှုကြောင့် ဖယ်ခုံအနောက်ခြမ်းက စစ်ရှောင်တောင်သူများ ခက်ခဲနေ

စစ်ပွဲတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ ရှမ်း-ကရင်နီအစပ်၊ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်ထဲမှာ ကုန်စျေးနှုန်းတွေ အဆမတန်မြင့်နေတာကြောင့် စစ်ရှောင်တောင်သူတွေ အခက်အခဲ ဖြစ်နေကြပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဆန်၊ ဆီ၊ ဆားအပြင် ဓါတ်ဆီ၊ ဒီဇယ်နှင့် စိုက်ပျိုးရေးအတွက် အသုံးပြုတဲ့ ဓါတ်မြေ ဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေ စျေးနှုန်း အဆမတန် မြင့်တက်လာမှာကြောင့် စိုက်ပျိုးရေးကိုသာ အဓိက အားထားနေရတဲ့ စစ်ဘေးရှောင်အပါအဝင် ဒေသခံတောင်သူများ စိုက်ပျိုးရေးအတွက် အခက် အခဲများနဲ့ ကြုံတွေ့နေရတယ်လို့ ဖယ်ခုံအနောက်ဘက်ခြမ်းက ဒေသခံတစ်ဦးကပြောပါတယ်။

“အခုက ဓါတ်ဆီ၊ ဒီဇယ်စျေးနှုန်း အဆမတန် စျေးတက်လို့ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်နေပေမဲ့ အကျယ်ကြီး မလုပ်နိုင်ဘူး။ ထွန်ယက်ဖို့ ဆီဖိုး မတတ်နိုင်လို့ လူအားနဲ့ပဲ လုပ်တော့ လုပ်ချင်သလောက် မလုပ်နိုင်ဘူလေ။ အဲ့ တော့ မိသားစုစားဝတ်နေရေးအတွက် ဘယ်လိုမှ ဖူလုံမှု မရှိနိုင်ဘူး” လို့ ဒေသခံ တောင်သူအမျိုးသားတစ်ဦးက ပြောပါတယ်။

သူဟာ အာဏာမသိမ်းခင်ကတည်းက မိသားစု စားဝတ်နေရေးအတွက် ဆန်စပါး၊ ပြောင်း၊ မြေပဲတွေကို အဓိက အားထား စိုက်ပျိုးတဲ့ ဖယ်ခုံအနောက်ဘက်ခြမ်းက ဒေသခံတောင်သူတစ်ဦး ဖြစ်ပါတယ်။

ဒါ့အပြင် ဖယ်ခုံမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းကို တိမ်း ရှောင်လာတဲ့ စစ်ဘေးတွေ ဟာ လက်ရှိမှာ ဒေသခံတွေဆီကနေ ဥယာဉ်ခြံတွေကို ငှားရမ်း ပြီး စပါးတွေ၊ ပြောင်းဖူးတွေကို စိုက်ပျိုးကြပေမဲ့ မြေဩဇာတွေမသုံးနိုင်တာကြောင့် အထွက်နှုန်းနည်းနေတယ်လို့ ဆိုပါတယ်။

“ဒီဘက် စစ်ဘေးရှောင်လာတာ နှစ်နှစ်ကျော်ပြီ အရင်နှစ်ထက် ဒီနှစ်က ကုန်စျေးနှုန်း ပိုမြင့်တက်လာတော့ စိုက်ပျိုးရေးအတွက် သုံးရတဲ့ မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေ မဝယ်သုံးနိုင်ဘူး။ ခုခေတ်က ဒါတွေ မသုံးနိုင်ရင် စိုက်ပျိုးရေးအထွက်နှုန်း ထက်ဝက်နီးပါး ကျဆင်းနေတာလေ” လို့ စစ်ရှောင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေကြောင့် နေရာတိုင်းကို ကုန်တင်ကားတွေ လွတ်လာစွာ ဖြတ်သန်းသွား လာခွင့် မရှိတဲ့အပြင် စစ်ကောင်စီဂိတ်တွေကို အခွန်တွေ အဆမတန် ပေးဆောင်ကြရတဲ့အတွက် ကုန်စျေးနှုန်း မြင့်သထက် ပိုမြင့်တက်လာနေတယ်လို့ ဒေသခံတွေ ပြောဆိုနေကြပါတယ်။

ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...
April 27, 2026
ကရင်နီပြည်က တော်လှန်ရေးနယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက အဆင့်မြင့်ကျောင်း ၆ ကျောင်း...
April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
April 24, 2026
ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁...