မယ်စဲ့မြို့ရှိ စစ်ကောင်စီ လက်ကျန် တပ်စခန်းတစ်ခုမှ တပ်သားအချို့ လက်နက်ချအညံ့ခံ

မယ်စဲ့မြို့ရှိ စစ်ကောင်စီ လက်ကျန် တပ်စခန်းတစ်ခုမှ တပ်သားအချို့ လက်နက်ချအညံ့ခံ

ကရင်နီပြည် မယ်စဲ့မြို့က စစ်ကောင်စီတပ် လက်ကျန်စခန်းဖြစ်တဲ့ နမ့်ပေါင်စခန်းမှာ လက်နက်ချအညံ့ခံတဲ့ တပ်သားတွေ ရှိနေတယ်လို့ ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် က ပြောပါတယ်။

အဆိုပါ တပ်စခန်းမှ တပ်သားအချို့ ထွက်ပြေးသွားတဲ့အပြင် အချို့ကတော့ လက်နက်ချအညံ့ခံကြခြင်း ဖြစ် တယ်လို့ ကရင်နီတပ်မတော် KIA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ဇွန်လ ၂၄ ရက်နေ့မှာ ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“သူတို့ ခေါ်တာ နမ့်ပေါင်းဂိတ်ပေါ့။ လက်နက်ကြီးတွေ ၁၂၀ မမတွေရှိတယ် အဲဒီမှာ အဲဒီကနေပြီးတော့မှ ပြေးကြ တာနဲ့ တူပါတယ်။ ပြေးတော့ အဲဒီမှာ ကျနော်တို့ဆီပြေးလာတာတို့ လမ်းမှာ ဖမ်းမိတဲ့ ကိစ္စတို့ပါမှာပေါ့။ ပြေးကုန် တယ်လို့ ပြောတယ်။ အဲဒီလို သတင်းကြားတယ်။ ပြေးနိုင်တယ်ပေါ့နော်။ အလားအလာကတော့ ပြေးဖို့ ပိုများ တယ်ပေါ့။ ဘာြဖစ်လို့လဲဆိုတော့ သူတို့ပဲ ကျန်တော့တယ်လေ။ တိုက်ရင်သေမှာလေ။ နောက်လည်း အတိုက်ခံ ရ မှာပဲ။ စိတ်ထဲမှာ အဲဒီလို ဆုံးဖြတ်တော့ ပြေးတာပဲ များပါတယ်။ ပြေးနိုင်တယ်ပေါ့နော” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင် က ပြောပါတယ်။

အလားတူ ဇွန်လ ၂၃ ရက်နေ့မှာလည်း မယ်စဲ့မြို့က စစ်ကောင်စီရဲ့ ပင်မကုန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး မယ်စဲ့ မြို့မှာ စစ်ကောင်စီရဲ့ နမ့်ပေါင်စခန်းတစ်ခုတည်းသာ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။

မယ်စဲ့မြို့က စစ်ကောင်စီစခန်း အားလုံးနီးပါးကို သိမ်းပိုက်ထားနိုင်တဲ့ အတွက် ကျန်ရှိတဲ့ တပ်စခန်းတစ်ခုက တပ်သားတွေဟာလည်း ကြောက်လန့်ပြီး ထွက်ပြေးတာ ဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆက် ပြောပါ တယ်။

“၂၃ ရက်နေ့က ကျနော်တို့ သိမ်းလိုက်ပြီ အဲ့ဒီတော့ စကစ တပ်မရှိတော့ဘူး။ ရဲတောင်မရှိတော့ဘူး။ သူတို့ ပြေး ကုန်ပြီ။ ကျနော်တို့ လောလောဆယ် အခု ကျနော်တို့ လက်ထဲမှာပေါ့နော်။ မယ်စဲ့ တစ်မြို့လုံး ကျနော်တို့ လက်ထဲ မှာပဲရှိတယ်။ အခု နမ့်ပေါင်စခန်းကလည်း သူတို့ မနေရဲတော့လို့ ပြေးတာလည်း ပါမယ်ပေါ့နော်” လို့ သူက ပြော ပါတယ်။

မယ်စဲ့မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ မယ်စဲ့ မြို့မရဲစခန်း၊ ထိုင်း-မြန်မာ နယ်ခြားအမှတ် (BP) 14 တပ်စခန်း၊ BP (15) မယ်တနွယ်စခန်း၊ BP(16) တောင်လှစခန်းတို့ကို ယခုလ ဇွန်လ ၁၃ ရက်နေ့ကစပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

စစ်ကောင်စီကို အမြတ်ပြတ်တိုက်မှာဖြစ်တဲ့အတွက် လူထုတွေအနေနဲ့ ဂရုစိုက်သွားလာကြဖို့နဲ့ စစ်ကောင်စီ တပ်သားတွေ လက်နက်ချဖို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က အသိပေး ပြောဆိုပါတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း နယ်စပ်တိုက်ပွဲတစ်ခုမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကနေ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သား။ ( ပုံဟောင်း ) ဓာတ်ပုံ - KnMIC

Most read this week

December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...
December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...