ဖရူဆိုမြို့ အနောက်ဘက်ခြမ်းကို ညသန်းခေါင်းယံအချိန်မှာ စစ်ကောင်စီက လေယာဉ်ဗုံးကြဲ

ဖရူဆိုမြို့ အနောက်ဘက်ခြမ်းကို ညသန်းခေါင်းယံအချိန်မှာ စစ်ကောင်စီက လေယာဉ်ဗုံးကြဲ

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတစ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီ က လေယာဉ်နဲ့ ၃ကြိမ်ခန့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းဆောင်နဲ့ နေအိမ်အချို့ ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၂၁ ရက်နေ့ ည ၁၂နာရီဝန်းကျင် အချိန်လောက်မှာ စစ်တပ်က လေယာဉ်နဲ့ လာပြီး ဗုံးကြဲသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“အိမ်တွေထိတယ်။ တိရိစ္ဆာန်တွေ သေကြေကြတယ် ပြောတယ်။ ဒါပေမဲ့ အဲ့မှာနေတဲ့ ရွာသားတွေကတော့ ညကတည်းက ပြေးသွားကြပြီ။ ပြန်မလာကြသေးဘူးလို့ ပြောတယ်။ တချို့တော့ ပြန်လာပြီ အဲ့လိုတော့ ကြား တယ်။ အချိန်ကတော့ ည ၁၂ နာရီခွဲလောက် ဖြစ်မယ်။ အတိအကျ လာကြဲသွားတာ သုံးခေါက်ဆိုတော့ တစ် ခေါက်တစ်ခေါက်နဲ့ ကြားမှာက ၅ မိနစ်လောက်ပဲ ခြားတယ်” လို့ ဖရူဆိုမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ ဗုံးကြဲခံရတဲ့ရွာဟာ ရွာငယ်လေးတစ်ရွာသာ ဖြစ်ပြီး ဖရူဆိုစစ်ရှောင်နဲ့ ဒေသခံတွေ စုပေါင်းနေထိုင်ကြ တယ်လို့ ဆိုပါတယ်။

မထင်မှတ်ထားတဲ့ ဗုံးကြဲခံရမှုကြောင့် ဒေသခံတချို့ဟာ စိုးရိမ်ထိတ်လန့်ပြီး ကျေးရွာထဲ အခုချိန်ထိ ပြန်မလာရဲ ကြသေးဘူးလို့ ဆိုပါတယ်။

အဆိုပါ ဒေသခံတစ်ဦးက “စိုးရိမ်တာကတော့ လေကြောင်းကတော့ ဘယ်အချိန်ဆို လာတော့လာကြဲ နိုင်တာ ပေါ့။ ဒါပေမယ့် ဒီဖက် တိုက် ပွဲ မဖြစ်ဘဲနဲ့ ဒီလို လေကြောင်းလာကျဲတော့ မထင်ထားကြဘူးပေါ့။ ဘာလို့ဆို တိုက်ပွဲလည်းမရှိဘူး။ တပ်စခန်း အခြေစိုက်တာလည်း မရှိဘဲနဲ့ ဒီလိုလေကြောင်းနဲ့ လာကြဲသွားတာတော့ ပြည် သူတွေကော အနီးအနားက ရွာ တွေကော စစ်ရှောင်တွေကပါ စိုးရိမ်ပြီး လန့်နေကြတာပေါ့” လို့ ဆက် ပြောပါ တယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှာလည်း စစ်ရှောင်တွေ ခိုလှုံနေထိုင်တဲ့ ဖရူဆိုမြို့နယ် အနောက်ဘက် ခြမ်းက ရီခီးဘူးစခန်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ လေယာဉ်ဗုံးကြဲ တိုက်ခိုက်ခဲ့မှု ကြောင့် စစ်ရှောင်ပြည်သူ သုံးဦး ထိမှန်သေဆုံးခဲ့ရပါတယ်။

အာဏာသိမ်းပြီး နောက်ပိုင်း ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှု ၂ကြိမ်ရှိနေပြီလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

Most read this week

December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...
Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...
December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...