စစ်ကောင်စီ၏ ရွေးကော် က သျှမ်းပြည် နိုင်ငံရေးပါတီများကို စစ်ဆေးမှုပြုလုပ်

စစ်ကောင်စီ၏ ရွေးကော် က သျှမ်းပြည် နိုင်ငံရေးပါတီများကို စစ်ဆေးမှုပြုလုပ်

စစ်ကောင်စီ လက်အောက်ခံ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် မှတ်ပုံတင်ထားသည့် သျှမ်းပြည်မှ  နိုင်ငံရေး ပါတီများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၊ ကိုးကန့်ဒီမိုကရေစီ နှင့် ညီညွှတ်ရေး ပါတီ၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ စသည့် နိုင်ငံရေးပါတီ ၃ ခုကို မှတ်ပုံတင် ဥပဒေ၊ နည်းပညာ ဥပဒေ အရ ပါတီများ၏ လုပ်ငန်းဆောင်ရွက်မှုကို စစ်ဆေးခဲ့ကြောင်း စစ်ကောင်စီပိုင် မြန်မာ့အလင်း သတင်းစာက ထုတ်ပြန် ထားသည်။

သျှမ်းပြည် အခြေစိုက်၊ နိုင်ငံရေးပါတီ နှစ်ပါတီ ဖြစ်သည့် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွှတ်ရေးပါတီ၊ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ စသည့် ပါတီနှစ်ပါတီကို သျှမ်းမြောက်၊ လားရှိုးခရိုင်၊ လားရှိုးမြို့ နယ် မြေခံတပ် ဧည့်ရိပ်သာတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီ မှတ်ပုံတင် လုပ်ထားသည့် ပါတီများကို ပါတီ မှတ်ပုံတင်သည့်နေ့ မှ ၃ လအတွင်း သတ်မှတ်ထားသည့် ပါတီအင်အား ၁ သိန်း ရှိရန်၊ ၆ လအတွင်း နိုင်ငံတဝှမ်း၏ မြို့နယ် ထက်ဝက်ကျော်တွင် ပါတီရုံးခန်း ဖွင့်လှစ်ရန်၊ ပါတီဝင်များ ကိုင်ဆောင်ထားသည့် သုံးခေါက်ချိုး အမျိုးသား မှတ်ပုံတင်ကတ်များကို နိုင်ငံသား စိစစ်ရေးကတ်များနှင့် အစား ထိုး လဲလှယ် နိုင်ရန်၊ သက်ဆိုင်ရာဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရန် စသဖြင့် လာရောက်စစ်ဆေးခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ထို့အပြင် ရှမ်း နှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ကိုလည်း တွေ့ဆုံ စစ်ဆေးရန် ရှိနေ သည်။

ယင်းကဲ့သို့ ရွေးကောက်ပွဲ ကော်မရှင်မှ စစ်ဆေးမှုများကို ရင်ဆိုင်ရန်အတွက်လည်း အဆင်သင့် ဖြစ်နေပြီဟု ကျားဖြူပါတီ ဥက္ကဋ္ဌ လုံးစိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ ပါတီရုံးချုပ်ကိုလည်း ရန်ကုန်ကို  ရွှေ့ပြောင်းလာပြီဆိုတော့ သူတို့စစ်မယ်ဆိုရင် ရန်ကုန်ကို လာစစ်ရပါမယ်၊ ကျနော်တို့ဘက်ကတော့ ပါတီ Deposit ငွေလည်း သွင်းပြီးပြီ၊ ပါတီဝင် အင်အား စာရင်းလည်း ပြင်ဆင်ထားပြီးပြီဆိုတော့ အားလုံး အဆင်သင့်ဖြစ်ပါပြီ” ဟု ကျားဖြူပါတီ ဥက္ကဋ္ဌ လုံးစိုင်းအိုက်ပေါင်းက သျှမ်း သံတော်ဆင့်ကို ပြောသည်။

ရှမ်း နှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) သည် သျှမ်းပြည် နှင့်အတူ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း နှင့် နေပြည်တော်တို့ကို ဝင်ရောက်ယှက်ပြိုင်မည် ဖြစ်သည်။

စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်ထံ နိုင်ငံရေးပါတီ မှတ်ပုံတင် လျှောက်ထားသည့် ပါတီ ပေါင်း ၅၀ ရှိနေပြီဖြစ်ပြီး တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ ၁၃ ပါတီထဲက ဇွန်လ ၁၆ ရက်အထိ ပါတီ ၇ ပါတီသာ တည်ထောင်ခွင့် ရခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့သည် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကိုလည်း မှတ်ပုံတင်ခြင်း မရှိဟုဆိုကာ ဖျက်သိမ်းကြောင်း ကြေညာထားသည်။

ပုံ - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...