ထိုင်းနိုင်ငံထဲကို ဝင်ခွင့်မရတော့ဘဲ နယ်စပ်မှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တစ်ထောင်ဝန်းကျင်အတွက် အကူအညီလိုအပ်နေ

ထိုင်းနိုင်ငံထဲကို ဝင်ခွင့်မရတော့ဘဲ နယ်စပ်မှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တစ်ထောင်ဝန်းကျင်အတွက် အကူအညီလိုအပ်နေ

မယ်စဲ့မြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ထပ်တိုးစစ်ရှောင်တွေဟာ ထိုင်းနိုင်ငံထဲကို ဝင်ခွင့်မရတော့ဘဲ နယ်စပ်မှာ ခိုလှုံနေထိုင်ကြရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ မယ်စဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုအခြေအနေကျတော့ စစ်ရှောင်တွေကို ထိုင်းဖက်ကနေ ကန့်သတ်လိုက်ပြီပေါ့။ ပေးမဝင်တော့တဲ့ အခြေ အနေမှာ တချို့စစ်ရှောင်တွေက ပန်တိန်းရှိမယ်။ မယ်စဲ့နန်၊ ကျောက်စု နောက်မှ ရှောင်လာတဲ့အဖွဲ့တွေကို ထိုင်း ကနေ ပေးမဝင်တဲ့အတွက်ကြောင့် အရမ်းကိုဒုက္ခရောက်နေတယ် သူတို့မှာ အကူအညီမရဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

လက်ရှိ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းကို ရောက်ရှိနေတဲ့ ကရင်နီစစ်ဘေးရှောင် (၃၈၇၇) ဦးအထိ ရှိ နေပြီလို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

ထိုင်းအာဏာပိုင်တွေက ယာယီနေထိုင်ဖို့ နေရာထိုင်ခင်းနဲ့ အစားအစာတွေကို ထောက်ပံ့ပေးထားပေမယ့် မလုံ လောက်ဘူးလို့ သိရပါတယ်။

စစ်ရှောင်တွေဟာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုအများဆုံးရှိနေပြီး လက်ရှိကလည်း မိုးရာသီကာလဖြစ်တဲ့ အတွက်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုအားနည်းနေတဲ့အတွက် ဆေးဝါးအကူအညီတွေလည်း လိုအပ်နေ ပါတယ်။

“အခုက မိုးရာသီလည်းဖြစ်တဲ့အတွက် စစ်ရှောင်တွေမှာ ဘာအခက်အခဲရှိလဲဆိုတော့ ကျန်းမာရေးပေါ့ ကလေး ငယ်တွေလည်း အများကြီးပါတယ်။ သက်ကြီးရွယ်အိုလည်း အများကြီးပါတယ်။ အခု ကျန်းမာရေးစောင့် ရှောက်မှုလည်း အရမ်းအားနည်းတယ်။ စစ်ရှောင်တွေမှာ စစ်ရှောင်ပြီးတော့ တစ်ရက်နေတဲ့အချိန်မှာ အဖိုး တစ် ယောက် ဆုံးသွားတယ်။ ဆောင်ဟီရွာမှာပဲ ဆုံးသွားတယ်။ အဲ့ကြောင့် ဆေးဝါးအကူအညီအရမ်းလိုနေတယ်” လို့ အဆိုပါ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ကစပြီး မယ်စဲ့မြို့နယ်ရဲစခန်းနဲ့ စစ်ကောင်စီရဲ့တပ်စခန်း ၃ ခုကို ကရင်နီပူးပေါင်းတပ်ဖွဲ့ တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ မယ်စဲ့မြို့စစ်ရှောင်ဒေသခံတွေအပါအဝင် ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့နယ်က ပြည်သူတွေ စစ်ဘေးရှောင်လာကြတာ ဖြစ်ပါတယ်။

အဲ့ဒီ မြို့နယ်တွေထဲက လူဦးရေ စုစုပေါင်း ၅ ထောင်ဝန်းကျင်ဟာ နီးစပ်ရာ ထိုင်းနိုင်ငံနဲ့ နယ်စပ်တွေမှာ စစ်ရှောင် ခဲ့ရတာ ဖြစ်ပါတယ်။

ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်တွေဟာ တောတောင်ထဲမှာပဲ ခိုလှုံနေထိုင်နေကြရပြီး လက်နက်ကြီးနဲ့ လေယာဉ်ပစ်ခတ်မှာကို စိုးရိမ်ထိတ်လန့်နေ ကြပါတယ်။

ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...
April 27, 2026
ကရင်နီပြည်က တော်လှန်ရေးနယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက အဆင့်မြင့်ကျောင်း ၆ ကျောင်း...
April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
April 24, 2026
ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁...