စစ်ပြေးအဖိုးအို အမောဆို့သေဆုံး

စစ်ပြေးအဖိုးအို အမောဆို့သေဆုံး

သရက်ချောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးနေသဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်း ရှောင်ရင်း အသက် ၈၀ အရွယ် အဘိုးအိုတစ်ဦး အမောဖောက်က သေဆုံးသွားခဲ့သည်။

သေဆုံးသူမှာ အသက် ၈၀ နှစ်အရွယ် ဦးဖေသန်းဆိုသူ ဖြစ်ပြီး သရက်ချောင်းမြို့နယ်၊ ဝဲရစ်ကျေးရွာသားတစ်ဦး ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အသက် ၄၅ နှစ်အရွယ် ဝဲရစ်ရွာသားတစ်ဦးက “သူကအရင် စစ်ကြောင်းတွေ ဝင်တုန်းက ထွက်မပြေးဘဲ အိမ်ထဲ မှာတင် ပုန်းနေတတ်တာ။ သားသမီးတွေက အတင်းဆွဲခေါ်ပြီး ပြောင်းလာတဲ့ ညမှာမှ အခုလိုထဖြစ်တာ။ ဆေးရုံဆေးခန်းပို့ရအောင် ကားလည်းရှာမရဘူး။ ရွာက ဆေးဆရာမကလည်း ဘယ်မှာရှောင်နေရလဲ မသိတော့ ဆေးကုသခွင့် မရဘူးပေါ့” ဟု ပြောသည်။

ဦးဖေသန်းသည် ဇွန်လ ၁၄ ရက်နေ့၊ ည ၁၀ နာရီအချိန်ခန့်က ရွာဘုန်းကြီးကျောင်းတွင် ခိုလှုံနေချိန်တွင် အမော ဖောက်ကာ သေဆုံးသွားခြင်းဖြစ်သည်။

ဦးဖေသန်း၏ အလောင်းကို ဇွန်လ ၁၅ ရက်နေ့ (ယမန်နေ့) မွန်းတည့်ပိုင်းက လုံခြုံရေးအ ခြေအနေအရ မိသားစု ဝင်များ အပါအဝင် လူ လေးငါးခြောက်ယောက်ခန့်ဖြင့်သာ ကျေးရွာသင်္ချိုင်းသို့ ပို့ဆောင်ပြီး မြေမြုပ်သင်္ဂြိုဟ် လိုက်ရသည်ဟု ဝဲရစ်ရွာသားတစ်ဦးက ပြောသည်။

ဇွန်လ ၈ ရက်နေ့မှ စတင်၍ သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်များကြား နှစ်ဘက်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ရာ ကျေးရွာများအတွင်း ရွာသားများအား ဖမ်းဆီးခြင်း၊ အကြောင်းမဲ့ ပစ်သတ်ခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသဖြင့် ကနက်သီရီ၊ ရငဲ၊ ဝဲရစ်၊ ကမြိုင်၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်၊ သိမ်ကုန်း၊ မင်းဒပ်၊ ဝင်းဝ စသည့်ကျေးရွာများမှ ဒေသခံ တစ်သောင်း ကျော်လည်း စစ်ဘေးတိမ်းရှောင်နေကြရသည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။

ဦးဖေသန်းမဆုံးမှီ ဇွန်လ ၁၄ ရက်ရက်နေ့၊ ညနေ ၆ နာရီခွဲခန့်ကလည်း ဝဲရစ်ကျေးရွာအနီးရှိ မင်းဒပ်ကျေးရွာတွင် နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးသံ အချက်ရေ ၅၀ ကျော်ခန့် ကြားရသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လကလည်း ရေဖြူမြို့နယ်အတွင်း ကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး စစ်ဘေးရှောင်နေချိန် အချိန်မှီဆေးကုသခွင့်မရပဲ သေဆုံးသွားခဲ့ဖူးသေးသည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...