စစ်ကောင်စီ စစ်ကြောင်းကို PDF ခြုံခိုတိုက်၊ ၅ ဦးသေဆုံး

စစ်ကောင်စီ စစ်ကြောင်းကို PDF ခြုံခိုတိုက်၊ ၅ ဦးသေဆုံး

တနင်္သာရီမြို့နယ်အတွင်းရှိ ရှေ့တန်းစခန်းတစ်ခုကို လက်နက်နှင့် ရိက္ခာများ သွားပို့ပေးပြီး ပြန်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ ခြုံခိုတိုက်ခိုက်ခဲ့ရာ ၅ ဦး သေဆုံးခဲ့ သည်ဟု PDF ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ဒေသခံများ၏ ကြိုတင် သတင်းပေးပို့ချက်များအရ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ - ၅၆၁ မှ အင်အား ၆၀ ခန့်ပါ စစ်ကြောင်းကို ကျွဲထိန်းကုန်းကျေးရွာနှင့် တောင်ဘိန်းကျေးရွာ အကြားတွင် လက်ဦးမှုရယူပြီး စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု PDF ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တိုက်ခိုက်ရာတွင်ပါဝင်ခဲ့သူ မြိတ်ခရိုင်တပ်ရင်း- ၂ မှ တပ်ဖွဲ့ဝင်တစ်ဦးက “သူတို့က တောလမ်းကနေဖြတ်ပြီး ခြေလျင်လာတာပါ၊ မိုင်းစ ခွဲလိုက်တာနဲ့ ၆ယောက်လောက် လေပေါ် မြောက် တက်သွားတာ မြင်လိုက်ရတယ်။ ဒဏ်ရာရသူတွေလဲ ရှိလိမ့်အုန်းမှာ သေချာတယ်” ဟု ပြောသည်။

သိန္ဓောကျေးရွာရှိ ရှေ့တန်းစခန်းသို့ လက်နက်နှင့် ရိက္ခာများသွားပို့ပြီး ပြန်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို ဇွန်လ ၁၂ ရက်နေ့၊ နံနက် ၁၁ နာရီ အချိန်ခန့်က ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် စတင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်ဟု ပူးပေါင်းအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

မိုင်းကွဲပြီးနောက် တစ်နာရီခန့် အကြာ နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ငယ် များအပြင် ၄၀ မမ နှင့် ၆၀ မမ လက်နက်ကြီးများဖြင့်ပါ ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထို့သို့ ပစ်ခတ်ခဲ့မှုများကြောင့် လက်နက်ကြီးကျည်ထိမှန်ပြီး သိန္ဓောကျေးရွာထဲက နေအိမ်တစ်ဆောင်လည်း ထိခိုက်ပျက်စီးခဲ့သည်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆ ဦး ထက်မနည်း ထိခိုက်သေဆုံးပြီး ဒဏ်ရာရသွားသူများလည်း ရှိသည်ဟု PDF ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူ က ပြောသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး ၄၀ မမ လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာ (မစိုးရိမ်ရ) အနည်းငယ်ရရှိခဲ့သည်ဟု တနင်္သာရီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ က ဆိုသည်။

တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် တပ်ရင်း -၂ နှင့် တနင်္သာရီ ပြည်သူ့ ကာကွယ်ရေး အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြခြင်း ဖြစ်သည်။

ဇွန်လ ၁၂ ရက်နေ့၊ နံနက် ၉ နာရီခန့်မှာပင် ဘန်ကျုတ်ကျေးရွာအနီး လမ်းလုံခြုံရေး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်နှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးရာ တိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်မှု တစုံတရာမရှိခဲ့ဘူးဟု PDF ပူးပေါင်းအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...