ရှမ်းမြောက်တွင် စာသင်ကျောင်းများကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့က ပိတ်ခိုင်း

ရှမ်းမြောက်တွင် စာသင်ကျောင်းများကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့က ပိတ်ခိုင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အချို့တွင် စစ်ကောင်စီ လက်အောက် ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထား သည့် စာသင်ကျောင်းများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ပိတ်သိမ်းခိုင်းသည်ဟု ဒေသခံများက ပြောသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဖွင့်လှစ်လိုက်သည့် နမ္မတူမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျောင်းအချို့ကို ဒေသတွင်း ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ပိတ်သိမ်းခိုင်းခြင်းဖြစ်သည်။

နမ္မတူမြို့နယ်၊ မန်စံကျေးရွာအုပ်စုရှိ စစ်ကောင်စီက ဖွင့်လှစ်ထားသည့် စာသင်ကျောင်းကို ဇွန်လ ၉ ရက်နေ့၊ နံနက်ပိုင်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ တိုက်နယ်အမှတ်-၄ က ပိတ် သိမ်းခိုင်းခဲ့သော်လည်း ကျောင်းတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ကျောင်းသားမိဘများ၏ တောင်းဆိုမှုများကြောင့် ဇွန်လ ၁၀ ရက်နေ့တွင် ပြန်ဖွင့်ခွင့်ပေးလိုက်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

မန်စံကျေးရွာ အုပ်ချုပ်ရေးမှူးက “မနေ့က သူတို့ပိတ်ခိုင်းတာ ဟုတ်ပါတယ်။ TNLA တပ်ဖွဲ့က ဖုန်းနဲ့ပြောလာ  တယ်။ မနေ့မနက်ပိုင်းမှာ ပိတ်ခိုင်းပြီး ညနေပိုင်းကျတော့ ဖွင့်ဖို့ပြန်ခွင့်ပြုပေးလိုက်တာ။ အကုန်လုံး ပြန်ဖွင့်ခိုင်း တယ်။ ဒီနေ့ က စနေကျောင်းပိတ်ရက် လာမယ့်တနင်္လာနေ့မှာ ပုံမှန်ပြန်ဖွင့်မယ်” ဟု ပြောသည်။

အလားတူ နမ္မတူမြို့နယ် ပန်လုံကျေးရွာတွင်လည်း စစ်ကောင်စီတပ်က ဖွင့်လှစ်နေထားသည့် အခြေခံပညာသင် ကျောင်းများကို TNLA က ဖွင့်ခွင့်မပြုဘဲ ပိတ်ခိုင်းသည်ဟု ပန်လုံကျေးရွာသားများက ပြောသည်။

ထို့အပြင် ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးကျေးရွာအုပ်စုအတွင်းက စာသင်ကျောင်းတစ်ကျောင်းကိုလည်း ကချင် လွတ်လပ်ရေး တပ်မတော် KIO/KIA က ပိတ်သိမ်းရန် စာပို့ကာ စေခိုင်းခဲ့ခြင်း ဖြစ်သည်။

မိုင်းယုလေးကျေးရွာခံ အမျိုးသမီးတစ်ဦးက “ကျမတို့ရွာမှာ စစ်ကောင်စီဖွင့်လှစ်တဲ့ အ.လ.က ကျောင်းနဲ့ TNEC ဖွင့် လှစ်ထားတဲ့ အမက စာသင်ကျောင်း နှစ်ကျောင်း ရှိပါတယ်။ အခုပိတ်ခံရတဲ့ကျောင်းက အ.လ.ကကျောင်း ပါ။ ကချင်တပ်ဖွဲ့က စာစောင်ပို့လာပြီး ပိတ်ခိုင်းတယ်” ဟု ပြောသည်။

မိုင်းယုလေးကျေးရွာအတွင်းရှိ အခြေခံပညာသင် အလယ်တန်းကျောင်းအား ဇွန်လ ၈ ရက်နေ့တွင် ကချင်လွတ် လပ်ရေး တပ်မတော် KIA က ပိတ်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

ထို့ကြောင့် မိုင်းယုလေးကျေးရွာရှိ ကျောင်းသားမိဘများနှင့် ကျောင်းတာဝန်ခံများက KIA နှင့် သွားရောက် ညှိနှိုင်းခဲ့ကြရာ ဇွန်လ ၁၃ ရက်နေ့အချိန်ထိ အဆင်မပြေသေးသောကြောင့် ကျောင်းကို ဆက်ပိတ်ထားရသည်ဟု ဆိုသည်။

လက်ရှိတွင် အခြေခံ ပညာသင်ကျောင်းများ ပိတ်ထားရသောကြောင့် နမ္မတူနှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ အဆိုပါ ကျောင်းများတွင် တက်ရောက်စာသင်ကြားနေကြသည့် ကျောင်းသားများ ကျောင်းမတက်ရကြဟု ဆိုသည်။

ထို့ကြောင့် ကျောင်းသားမိဘများက ၎င်းတို့သားသမီးများ၏ ပညာရေးအတွက် စိုးရိမ်နေကြသည်။ ငွေကြေး တတ်နိုင်သူ မရှိသလောက်ရှားပါးသည့် ကွတ်ခိုင်မြို့နယ်အတွင်းက မိုင်းယုလေးနှင့် နမ္မတူမြို့နယ်အတွင်းက ပန် လုံကျေးရွာက မိဘများအနေဖြင့် ၎င်းတို့၏ သားသမီးများကို မြို့ဘက်ပြောင်း ကျောင်းထားရန်လည်း အဆင်မ ပြေကြဟု ဆိုကြသည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...