စာသင်ခန်း အချို့ ဖျက်ဆီးခံရမှု နောက်ပိုင်း အနီးတွင် နေထိုင်သူ ၆ ဦးအား ဖမ်းဆီး

စာသင်ခန်း အချို့ ဖျက်ဆီးခံရမှု နောက်ပိုင်း အနီးတွင် နေထိုင်သူ ၆ ဦးအား ဖမ်းဆီး

လောင်းလုံးမြို့ပေါ်မှ အခြေခံပညာ အထက်တန်းကျောင်း စာသင်ခန်းအချို့ ဖျက်စီးခံရပြီးနောက် ကျောင်းအနီး ဝန်းကျင်တွင် နေထိုင်သူ ၆ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

အထက်တန်းကျောင်း စာသင်ခန်းအချို့တွင် ဆေးနီများဖြန်းထားပြီး ဆရာ/ဆရာမ နားနေဆောင်နှင့် ကွန်ပျူတာ များကို ရိုက်ခွဲဖျက်ဆီးသွားခဲ့ခြင်း ဖြစ်သည်။

မျက်မြင်တွေ့ခဲ့သည့် ကျောင်းအနီးနေထိုင်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “စာသင်ခန်းတွေထဲနဲ့ ကွန်ပြူတာတွေ၊ ဘီရိုတွေ အကုန် ကြေမွအောင် ဖျက်ဆီးသွားတာ။ ဗုံးတွေ့တယ်လို့ သတင်းကြားတော့ ကျောင်းသားမိဘတွေက စိတ်ပူပြီးကျောင်းသားတွေကို ကျောင်းကနေ ပြန်ခေါ်သွားကြ တယ်” ဟု ပြောသည်။

တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်ဖြစ်သည့် ဇွန်လ ၄ ရက်နေ့က ဝင်ရောက်ဖျက်ဆီးသွားခြင်း ဖြစ်ပြီး ကျောင်းအုပ် ကြီး ရုံးခန်းအတွင်းမှာလည်း စာပစ်ထားသေးသည်ဟု မြို့ခံအမျိုးသားတစ်ဦး က ဆိုသည်။

ဇွန်လ ၅ ရက်နေ့ ကျောင်းဖွင့်ချိန်ရောက်မှ ပျက်စီးနေမှု အခြေအနေများကို တွေ့ရှိခဲ့ကြရခြင်းဖြစ်ပြီး နံနက် ၁၀ နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ်နှင့် လောင်းလုံးမြို့မ ရဲစခန်းတို့က လာရောက်စစ်ဆေးခဲ့ကြောင်း ဒေသခံများ က ပြောသည်။

လာရောက်စစ်ဆေးရှာဖွေခဲ့စဉ် အချိန်မှာ ကျောင်းဝင်းအတွင်းမှာ ဗုံးတွေ့သည်ဟုဆိုကာ အနီးအနားတဝိုက်တွင် နေထိုင်သည့် အမျိုးသားများနှင့်  LGBT အချို့ အပါအဝင် ၆ ဦး ထက်မနည်းကို စစ်ဆေးရန်ရှိသည်ဟုဆိုကာ ဖမ်း ဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူများအနက် အချို့ကို ညပိုင်းတွင် ပြန်လွှတ်ပေးခဲ့ပေမယ့် ဆက်လက်ဖမ်းဆီးထားသူများ ကျန်ရှိနေ သေးသဖြင့် မိသားစုဝင်များက စိတ်ပူစိုးရိမ်နေကြရသည်။

သို့သော် ဇွန်လ ၆ ရက်နေ့မှ စတင်၍ ကျောင်းသူ/သားများ ပုံမှန်အတိုင်း ကျောင်းပြန်တက်ကာ စာသင်ကြားနေ ကြပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီက တနိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ် ခဲ့ခြင်း ဖြစ်ပြီး တနင်္သာရီတိုင်အတွင်း ပြီးခဲ့သည့် နှစ်ကထက် ကျောင်းတက်သူဦးရေ ပိုမိုများလာသည်ဟု တိုင်း ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦး က ပြောသည်။

လောင်းလုံးမြို့ပေါ်တွင် မေလနောက်ဆုံးပတ်ကလည်း မြို့ခံ အယောက် ၈၀ ဦးခန့်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ က ဖမ်းဆီးစစ်ဆေးခဲ့ပြီး လက်ရှိတွင် ပြန်လွတ်မလာသေးသူ ၁၀ ဦးခန့် ရှိနေသေးသည်။

April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...