မွန်ပြည်နယ်က ဟိုတယ်လုပ်ငန်းတွေ နာလန်ထူစပြုလာတယ်လို့ လုပ်ငန်းရှင်တွေပြော

မွန်ပြည်နယ်က ဟိုတယ်လုပ်ငန်းတွေ နာလန်ထူစပြုလာတယ်လို့ လုပ်ငန်းရှင်တွေပြော
ဓာတ်ပုံ -CJ
ဓာတ်ပုံ -CJ

မွန်ပြည်နယ်အတွင်းက ဟိုတယ်လုပ်ငန်းတွေဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး အခုနှစ်အတွင်း လုပ်ငန်းလည်ပတ် မှု ၇၀ ရာခိုင်နှုန်းအထိ ရှိလာတာကြောင့် နာလန်ထူစပြုလာတယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ် ကို ပြောပါတယ်။

ဟိုတယ်လုပ်ငန်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ပဧည့်သည်ဝင်ရောက်မှု မရှိတော့တဲ့အတွက် ပြည်တွင်းခရီးသွား ဧည့်သည်တွေကိုသာ အဓိကမှီခိုအားထားနေရတာ ဖြစ်ပါတယ်။

နိုင်ငံခြားသားခရီးသွားတွေနဲ့ သူဌေးတွေကို ဦးတည်တဲ့ ဇိမ်ခံဟိုတယ်တချို့ လက်ရှိအချိန်ထိ မဖွင့်လှစ်နိုင်သေးပေ မယ့် ပြည်တွင်းခရီးသွား ဧည့်သည်တွေကို ဦးတည်တဲ့ဟိုတယ်တွေကတော့ ၇၀ ရာ ခိုင်နှုန်းလောက် လည်ပတ်နေ ပြီလို့ ဟိုတယ်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက “COVID ပြီးသွားခါစ ၂၀၂၂ ကုန်နောက်ပိုင်းလောက်မှာ နည်းနည်းလေး ပြန်တက် လာတာပေါ့။ ဒီနေ့ ဆိုရင်တော့ အရှိန်အဟုန်အမြင့်ကြီးတော့ မရောက်သွားသော်လည်း ကျတော့မသွားသေး ဘူး၊ နည်းနည်းပြန်တက်လာတဲ့သဘော။ အချိန်တစ်ခုကို စောင့်ရမှာပဲ၊ အဲဒီလိုတွက်ချက်ထားပြီးသားပဲ။ ဘာ လို့ဆို ဟိုတယ်လုပ်ငန်း လုပ်တဲ့အခါ ခရီးသွားလုပ်ငန်းက အဓိကကျတာပေါ့။ အဲဒီခရီးသွားလုပ်ငန်း အရှိန် အဟုန်ပြန်ပြီး မြင့်လာအောင် ကျွန်တော်တို့ ဟိုတယ်အသင်းက နည်းနည်းကြိုးစားနေကြတာပေါ့” လို့ ပြောပါ တယ်။

ဟိုတယ်လုပ်ငန်းတွေဟာ ကိုဗစ်ရိုက်ခတ်မှုနဲ့အတူ တစ်ကျော့ပြန်စစ်တပ်အာဏာသိမ်းမှုကြောင့် ခရီးသွားလုပ် ငန်း ရပ်တန့်ခဲ့တဲ့အတွက် မွန်ပြည်နယ်အတွင်းရှိ ဟိုတယ်တွေမှာ လာရောက်တည်းခိုသူ ကျဆင်းတာအပြင် စစ် ကောင်စီက တင်းကျပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် ဧည့်သည်ဝင်ရောက်မှု နည်းပါးလာတဲ့အတွက် သုံးနှစ် လောက် အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာပါ။

ဒီအခြေအနေကြောင့် ဟိုတယ်လုပ်ငန်းတွေ ရပ်နားလာမှုနဲ့အတူ တချို့ဟိုတယ်တွေက ဝန်ထမ်းလျော့ချထားတဲ့ အတွက် အဲဒီလုပ်ငန်းတွေအပေါ် မှီခိုရပ်တည်နေရတဲ့ မိသားစုရာနဲ့ချီပြီး အလုပ်လက်မဲ့ ပြဿနာကို အကြီး အကျယ် ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

တိုင်းပြည်တည်ငြိမ်မှုမရှိသေးပေမယ့် ပြည်တွင်းခရီးသွားတွေကို ဦးတည်တဲ့ဟိုတယ်တွေဟာ ရက်ကြီးအခါကြီး တွေမှာ ခရီးသွားဧည့်သည် ဝင်ရောက်တည်းခိုမှုနဲ့ လုပ်ငန်းကိစ္စတွေကြောင့် ဝင်ရောက်တည်း ခိုမှုတွေလည်း တိုးလာတယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

မွန်ပြည်နယ်မှာတော့ ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုခန်းပေါင်း ၇၀ ထက်မနည်း ရှိနေပြီး ဟိုတယ်လုပ်ငန်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လျှပ်စစ်မီးမကြာခဏ ပြတ်တောက်နေတဲ့အတွက် ကုန်ကျစရိတ်ကြီးမြင့်မှုကို အကြီးအကျယ် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ-CJ
February 5, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မုပွန်ရပ်ကွက်မှာ ကျူးကျော်အကြောင်းပြချက်နဲ့ နေအိမ် ၂၀ ကျော်ကို...
ဓာတ်ပုံ-YGF
February 4, 2026
မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၅၉၁ ခြေမြန်တပ်ရင်းကို...
February 3, 2026
တနင်္သာရီတိုင်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့်...
February 2, 2026
အာဏာသိမ်း စစ်အုပ်စုဟာ မွန်လူငယ်တွေကို စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲ အတင်းသွင်းပြီး စစ်သင်တန်းပေးကာ...