ရှမ်းတပ်မှ လူသစ်ကောက်မည်ဟု နမ့်ခမ်းတွင် ကောလဟာလ သတင်းဖြစ်

ရှမ်းတပ်မှ လူသစ်ကောက်မည်ဟု နမ့်ခမ်းတွင် ကောလဟာလ သတင်းဖြစ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/ SSA)မှ တပ်သားသစ် စုဆောင်းမည်ဆိုသော သတင်းမှာ ကောလဟာလ သတင်းမှားသာ ဖြစ်သည်ဟု  မြို့နေပြည်သူများက ပြောသည်။

ထိုကောလဟာလ သတင်းများကို မေလ ၂၄ ရက်နေ့မှစ၍ Htong Mao Youth Page မှ လူမှုကွန်ယက်စာမျက်နှာ (Facebook)တွင် ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် မြို့နေပြည်သူများမှာ ထိတ်လန့်နေ၍ ည ၈ နာရီ နောက်ပိုင်း အပြင်မထွက်ရဲကြတော့ ဟု နမ့်ခမ်းမြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကြောက်လို့ မထွက်ကြတာလေ။ အဲလိုမျိုးပေါ့ ကောလဟာလတွေက ထွက်လာရင် လူဖမ်းမယ်ပေါ့။ ဟိုရပ် ကွက်ကတော့ ဖမ်းနေပြီ။ ဒီရပ်ကွက်ကတော့ ဖမ်းနေပြီပေါ့။ အဲလိုမျိုးတွေနဲ့ ၈ နာရီနောက်ပိုင်းဆို မထွက်ကြ တော့နဲ့။ ၈ နာရီနောက်ပိုင်းထွက်လာရင် ဖမ်းခံထိမယ် အဲလိုမျိုးလေးတွေပေါ့။”

ထိုဖြစ်စဉ်နှင့် စပ်လျဉ်း၍ Htong Mao Youth Page မှ ဝါဒဖြန့်နေသည့်  အရပ်သားများ ဖမ်းဆီးခံနေရသည် ဆို သော သတင်းမှာ မြေပြင်တွင် အမှန်တကယ် ဖြစ်ပွားမှု မရှိဘူးဟု ဒေသခံများက ပြောသည်။

နမ့်ခမ်းမြို့တွင် SSPP/SSA အပါအဝင် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)တို့လည်း မကြာခဏ တပ်သား စုဆောင်းလေ့ရှိပြီး အတင်းအကျပ် လုပ်ဆောင်တာမျိုး မရှိခဲ့ဖူးဘူးဟု ဆိုသည်။

သို့သော် SSPP/SSA အနေဖြင့် တပ်သားသစ် စုဆောင်းမည့် ကိစ္စမှာ လက်ရှိ ဆွေးနွေးနေဆဲကိစ္စသာ ဖြစ်သည်ဟု SSPP/SSA နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“သူတို့ လူစာရင်းတော့ ကောက်တယ်ကွာ အသက် ၁၈ နှစ်အထက်က ဘယ်သူတွေရှိလဲ ဘာညာ လာတဲ့အဖွဲ့တိုင်း နဲ့ကို သိတယ်။ ပေးရတာပဲလေ။ တကယ်တော့ အသက် ၁၈ နှစ်ပြည့်ပြီး သားသမီး ဘယ်နှစ်ယောက် ရှိတယ် ဆိုပေမယ့် လူတွေမှ မရှိတော့တာ။ အိမ်ထောင်ကျပြီး တစ်မြို့တစ်ရွာ ပြောင်းတာတွေရော။ ထိုင်းရောက်နေတဲ့ သူတွေရော။ တရုတ်ပြည်ထဲမှာ အလုပ်သွားလုပ်နေတဲ့ သူတွေရော။ သားမရှိလို့ အဖေသွားရတယ်ဆိုတဲ့ ပုံစံမျိုး သူတို့ လာမလုပ်ဘူးလေ။ အဲလိုမျိုး အစားထိုးရတဲ့ အနေအထားတွေ မရှိဘူးလေ။ သားမလာရင် အဖေ အစား ထိုးရတယ်ဆိုတဲ့ လုပ်ရပ်က TNLA မှာဆိုရင်တော့ ရှိတယ်။ ရှမ်းတပ်မှာက လေ့လာမိသလောက် ဒီအနေအထား မရောက်သေးဘူးပေါ့နော်။”

နမ့်ခမ်းမြို့တွင် ယခင် နှစ်များတုန်းက SSPP/ SSA မှ တပ်သားသစ် စုဆောင်းရာတွင် ကျေးရွာ/ရပ်ကွက် အုပ်ချုပ် ရေးမှူးများဖြင့် အသာတကြည် ဆွေးနွေးခဲ့ကြပြီး အုပ်ချုပ်ရေးမှူးများဘက်က ငြင်းဆိုခဲ့သည်များလည်း ရှိခဲ့ဖူး သည်ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ SSPP/ SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးသီဟရာဇာကို မေးမြန်းရာတွင် လည်း ကောလဟာလ သတင်းမှားသာ ဖြစ်သည်ဟု ဖြေကြားခဲ့သည်။

”ကောလဟလပဲ ဖြစ်မှာပါ။ မြောက်ပိုင်းမှာက အဖွဲ့အစည်းတွေလည်း များတယ်။ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေလည်း များတယ်။ တချို့က ကျနော်တို့ အဖွဲ့အစည်းတွေကို မနာလိုလို့ ဒီလိုမျိုး သတင်းဖြန့်တာလည်း ဖြစ်နိုင်ပါတယ်။ လူကောက်တာက ရပ်ထားတာတော့ မဟုတ်ဘူး။ လုပ်နေကြအတိုင်း ဆက်လုပ်သွားမှာပါ။ ဟိုလို အတင်းအကြပ်လုပ်တာတော့ ရှိမှာ မဟုတ်ပါဘူး။”

နမ်းခမ်းမြို့နယ်တွင် SSPP/ SSA အပြင် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/ SSA)၊ ကချင်လွတ် လပ်ရေး တပ်မတော်(KIA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) တို့ ဝင်ထွက်သွားလာ လှုပ်ရှားလျက်ရှိပြီး သက်ဆိုင်ရာ လူမျိုးစုအလိုက် အခွန်ကောက်ခြင်း၊ တပ်သားသစ် စုဆောင်းခြင်းများ ပြုလုပ် လေ့ရှိသည်ဟု ‌ဒေသခံများ ပြောပြချက်အရ သိရသည်။

ဓာတ်ပုံ - လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ရွှေကူမြို့နယ်အတွင်းမှ နေအိမ်တစ်လုံး
August 22, 2026
ကချင်ပြည် ရွှေကူမြို့နယ်အတွင်း လူနေရပ်ကွက်များနှင့် ကျေးရွာများကို စစ်တပ်က ဂျက်ဖိုက်တာများဖြင့်...
August 21, 2026
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျေးရွာဘုန်းကြီးကျောင်းတွင် ဒေသခံပြည်သူများ ဥပုသ်သီလ ဆောက်တည်...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 21, 2026
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်းနှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ကို စစ်အုပ်စုတပ်က...
August 21, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် စစ်ကျန် ဗုံးသီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ...