ဝါဒဖြန့်စာစောင်များ စစ်ကောင်စီ ဖြန့်

ဝါဒဖြန့်စာစောင်များ စစ်ကောင်စီ ဖြန့်

အမျိုးသားညီညွတ်ရေးအစိုးရ - NUG နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီတို့အား ပုတ်ခတ်ရေးသား ထားသည့် စာစောင်များ စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ်အတွင်း ဖြန့်ဝေနေသည်ဟု ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့မှ ထုတ်ပြန် ထားသည်။

စစ်ကောင်စီ၏ ဝါဒဖြန့် စာရွက်များအား လမ်းသွားလမ်းလာများကို လက်ကမ်းဝေမျှနေသည့် အပြင် လူစည် ကားရာ နေရာများနှင့် လမ်းဘေးဓါတ်တိုင်များတွင် လိုက်လံကပ်ခဲ့ထားခဲ့ပြီးနောက် လိုက်လံ ဖြန့်ဝေနေသူများ သည် အနီးရှိ တပ်ရင်းအတွင်း ပြန်ဝင်ပြေးသွားသည်ဟု ဖေါ်ပြထားသည်။

အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက “မနက်စောစော ဈေးသွားဈေးလာ လူစည်တဲ့အချိန် လိုက်ဝေ ပေးခဲ့ တာပါ။ လိုက်ဝေတဲ့ စစ်သားက လေးငါးယောက်လောက်ပဲ ရှိတယ်။ သိပ်မကြာဘူး ကဗျာကယာ ပြန်သွား ကြ တာတွေ့တယ်” ဟု ပြောသည်။

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာရှိ စစ်ကောင်စီ အခြေစိုက် အမှတ် ၅၆၁ တပ်ရင်းမှ မေလ ၂၈ ရက်နေ့၊ နံနက် ၇ နာရီအချိန်ခန့်က ညောင်ပင်ကွင်းအရှေ့ကမ်းနှင့် အနောက်ကမ်းကျေးရွာများတွင် ဖြန့်ဝေခဲ့ခြင်း ဖြစ် သည်။

လက်ကမ်းစာစောင်များ ဖြန့်ဝေနေသည်ကို ပြည်သူ့ကာကွယ်ရေးတပ်များက သတင်းရရှိသဖြင့် တိုက်ပွဲ ဖော် ဆောင်ရန် သွားရောက်ခဲ့သော်လည်း စစ်ကောင်စီတပ်သားများ တပ်ရင်းပြင်ပသို့ ထွက်လာခြင်း မရှိတော့ ကြောင်း ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဖြန့်ဝေခဲ့သည့် လက်ကမ်းစာစောင်အတွင်း NUG နှင့် NLD အစွန်းရောက် နိုင်ငံရေးသမားများက လွဲမှားသည့် လက်နက်ကိုင်လမ်းစဉ် နောက်ကိုလိုက်ပြီး အချည်းအနှီး အသက်ပေးနေသည့် လူငယ်များကို အသုံးချကာ တိုင်း ပြည်ကို အလုံးစုံ ပျက်စီးစေရန် ဖန်တီးနေကြကြောင်းနှင့် PDFတပ်များကိုလည်း နိုင်ငံရေးလုပ်စားသူများ၏ အသုံးချခံများဟု သုံးနှုန်းရေးသားထားသည်။

ညောင်ပင်ကွင်းကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ အမှတ် ၅၆၁ တပ်ရင်းကို  ပြည်သူ့ကာကွယ် ရေး တပ်များက မကြာခဏ သွားရောက် တိုက်ခိုက်လေ့ရှိသည်ဟု ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ က ဆိုသည်။

တနင်္သာရီ - သဘောလိပ်ကျေးရွာသွား လမ်းတစ်လျှောက်ရှိ ဘန်လော၊ သကျက်၊ ခြောက်မိုင် အစရှိသည့် ကျေးရွာများတွင်လည်း မကြာခဏ နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

Most read this week

ဓာတ်ပုံ - လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ရွှေကူမြို့နယ်အတွင်းမှ နေအိမ်တစ်လုံး
August 22, 2026
ကချင်ပြည် ရွှေကူမြို့နယ်အတွင်း လူနေရပ်ကွက်များနှင့် ကျေးရွာများကို စစ်တပ်က ဂျက်ဖိုက်တာများဖြင့်...
August 21, 2026
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျေးရွာဘုန်းကြီးကျောင်းတွင် ဒေသခံပြည်သူများ ဥပုသ်သီလ ဆောက်တည်...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 21, 2026
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်းနှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ကို စစ်အုပ်စုတပ်က...
August 21, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် စစ်ကျန် ဗုံးသီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ...