ရေကြောင်းဖြင့် ထိုးလာသော စစ်ကြောင်းအား ပြည်သူ့ ကာကွယ်ရေး တပ်များစောင့်ကြိုတိုက်ခိုက်

ရေကြောင်းဖြင့် ထိုးလာသော စစ်ကြောင်းအား ပြည်သူ့ ကာကွယ်ရေး တပ်များစောင့်ကြိုတိုက်ခိုက်

တနင်္သာရီတိုင်းအတွင်း ရေကြောင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်သင်္ဘောနှင့်လှေအုပ်စုကို ပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့နိုင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့မှာ တာဝန်ရှိသူများက ပြောသည်။

အင်အား ၁၀၀ နီးပါးခန့် လိုက်ပါလာသည့် စစ်သင်္ဘောတစ်စီးနှင့် သားပေါက်လှေငယ် (သစ်သားခွံ) ၆ စီး ကို ကျွန်းစုမြို့နယ်၊ ဘန္ဒနဲကျေးရွာအနီး ချောင်းအတွင်း ဝင်ရောက်လာစဉ် ကမ်းပေါ်မှ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယခုတိုက်ခိုက်မှုသည် ဒုတိယ အကြိမ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပထမအကြိမ် တိုက်ခိုက်တွင် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့သည် ဟု ပြောသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက “ရေကြောင်းက လာမယ်ဆိုတာ ကြိုပြီးသတင်းရတာကြောင့် စောင့်ပြီး ပစ်ခဲ့တာပါ၊ သူတို့ဘက်က ပွိုင့်ဖွိုက်တွေနဲ့ လက်နက်ကြီးတွေအင်အားသုံးပြီး ပြန်ဖိပစ်တယ်” ဟု တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း -၂ နှင့် တနင်္သာရီ ကာကွယ်ရေး ပြောက်ကျားအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် တပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။

မေလ ၂၇ ရက်နေ့၊ မွန်းတည့် ၁၂ နာရီခန့်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဘက်အပြန်အလှန် တစ်နာရီခန့် အကြာ ပစ်ခတ်ခဲ့ကြပြီးနောက် အင်အားမမျှခြင်းကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။

သို့သော် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ဆုတ်ခွာခဲ့ရာတွင် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ပူးပေါင်းအဖွဲ့ တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။

မေလ ၂၇ ရက်နေ့က တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ် ရေယာဉ်များ တိုက်ခိုက်ခံရမှုသည် ဒုတိယ အကြိမ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး မတ်လ ၉ ရက်နေ့က ပထမအကြိမ် တိုက်ခိုက်ခံရစဉ်ကလည်း ဘန္ဒနဲကျေးရွာ အဝင် ချောင်းအတွင်းမှာပင် ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားနေချိန် ပစ်ခတ်ကာ ကမ်းပေါ်တက်လာသည့် စစ်ကောင်စီတပ်ကြောင့် ဘဒ္ဒနဲကျေးရွာသားများ ရွာ လုံးကျွတ် ထွက်ပြေးကြရသည့် အပြင် အနီးအနား ကျေးရွာများဖြစ်သည့် ကမ်းသာ၊ မြိုင်သာရွာသားများလည်း နေအိမ်စွန့်ခွာ တိမ်းရှောင်ထွက်ပြေးခဲ့ကြရသည်ဟု ဒေသခံရွာသားများက ပြောသည်။

စစ်ကောင်စီတပ်မှ ဘဒ္ဒနဲကျေးရွာနှင့် ကမ်းသာကျေးရွာထဲ ဝင်ရောက်လာခဲ့ပြီး နေအိမ်များအား ဝင်ရောက် ရှာဖွေ မွှေနှောက်သွားကာ တန်ဖိုးကြီး ပစ္စည်းများ ယူဆောင်သွားကြခဲ့ကြသည်။

ထို့နောက် မေလ ၂၈ ရက် နေ့လယ်ပိုင်းတွင် ပြန်လည်ထွက်ခွာသွားသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

Most read this week

ဓာတ်ပုံ - လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ရွှေကူမြို့နယ်အတွင်းမှ နေအိမ်တစ်လုံး
August 22, 2026
ကချင်ပြည် ရွှေကူမြို့နယ်အတွင်း လူနေရပ်ကွက်များနှင့် ကျေးရွာများကို စစ်တပ်က ဂျက်ဖိုက်တာများဖြင့်...
August 21, 2026
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျေးရွာဘုန်းကြီးကျောင်းတွင် ဒေသခံပြည်သူများ ဥပုသ်သီလ ဆောက်တည်...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 21, 2026
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်းနှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ကို စစ်အုပ်စုတပ်က...
August 21, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် စစ်ကျန် ဗုံးသီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ...