နမ္မတီး PJS မှ မူးယစ်ရောင်းဝယ် သုံးစွဲသူ အမျိုးသမီး ၄ ဦးအား ဖမ်းဆီး

နမ္မတီး PJS မှ မူးယစ်ရောင်းဝယ် သုံးစွဲသူ အမျိုးသမီး ၄ ဦးအား ဖမ်းဆီး
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် နမ္မတီးမြို့ လမ်းခွကျေးရွာမှာ မူးယစ်ဆေးသုံးစွဲသူ အမျိုးသမီး ၃ ဦးနှင့် ရောင်းဝယ်သူ ၁ ဦး တို့ကို အောက်တိုဘာ ၂၀ ရက်နေ့က ဖမ်းဆီးရမိကြောင်း ကျေးရွာကချင်လူထု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ PJS က ပြောသည်။

မူးယစ်ဆေးဝါးသုံးစွဲ ၃ ဦးအား နေအိမ်တစ်ခုတွင် ဖမ်းဆီးခဲ့ပြီး ၄င်းတို့ကို ဆက်လက်စုံစမ်းရာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၁ ဦးကိုလည်း ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း လမ်းခွကျေးရွာ ကချင်လူထုမူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့မှ ဦး Thomas Nhkang က ယခုလို ပြောသည်။

“ကျနော်တို့ရွာ ဂျာကျိုင်ရပ်ကွက် က အမျိုးသမီး ၃ ဦးကိုတော့ ဘိန်းရူဖို့ ပြင်ဆင်နေတဲ့အချိန် သက်သေခံကိရိယာနဲ့ ဘိန်းမဲတစ်ထုပ်နဲ့တကွ တွေ့တယ်။ သူတို့ကို ပြန်စစ်ကြည့်တော့ အရမ်းကို ပမာဏများတဲ့ မူးယစ်ဆေးဝါးတွေ ရောင်းတဲ့သူကို ရဲတပ်ဖွဲ့ အကူအညီ နဲ့ ဖမ်းနိုင်ခဲ့ပါတယ်”

မူးယစ်ဆေးသုံးစွဲသည့် အမျိုးသမီး ၃ ဦးမှာ လမ်းခွကျေးရွာက ဒေါ်တောင်နူး (၃၁ နှစ်)၊ ဒေါ် ယိန်းဆောင် (၄၅ နှစ်)နှင့် ဒေါ်ဇင်ဝါနန်ရွယ် (၅၁ နှစ်) တို့ဖြစ်ကြသည်။

ထပ်မံဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူမှာ မရမ်းကျေးရွာမှ ဒေါ်နန်ဒိန်ထု ဖြစ်ပြီး၊ ဖမ်းဆီးပမာဏမှာ ဘိန်းဖြူဆပ်ပြာခွက် ၉ ခွက်နှင့် ယာမ ၁၉၀ လုံး ဖြစ်ကြောင်း သိရသည်။ ထိုသူကို လမ်းခွလူထုမူးယစ်တိုက်ဖျက်ရေးအဖွဲ့နှင့် နမ္မတီး ရဲတပ်ဖွဲ့ပူးပေါင်း ဖမ်းဆီးကြောင်း သိရသည်။

မူးယစ်သုံးစွဲသူ ၃ ဦးကို မိုးကောင်းမြို့ ကချင်ခရစ်ယာန် အကျင့်စာရိတ္တပြုပြင်ရေး သမ္မာကျမ်းစာ သင်ကြားပေးသည့် စခန်းကို ပို့လိုက်ပြီး၊ ရောင်းချသူ ၁ ဦး ကိုမူ နမ္မတီးရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

မိုးကောင်း နမ္မတီးဒေသ မူးယစ်ဆေးသုံးစွဲမှု ယခင် ၃ နှစ်ထက် ၆၀ ရာခိုင်နှုန်း လျော့ကျသွားကြောင်း Thomas Nhkang က ပြောဆိုသည်။

ထို့အပြင် အစိုးရ ရဲတပ်ဖွဲ့များလည်း ပူးပေါင်းပါဝင်လာသဖြင့် ပိုမို အဆင်ပြေလာကြောင်း သိရသည်။

Pat Jasan ခေါ် ကချင်လူထု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ကို ၂၀၁၄ တွင် ဖွဲ့စည်းခဲ့ပြီး ကချင်ပြည်နယ် နှင့် ရှမ်းမြောက် ဒေသတွင် လှုပ်ရှားလျှက်ရှိသည်။

June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...