ဧည့်စာရင်း စစ်မည်ဆိုကာ CDM ဆရာမတစ်ဦးကို ဖမ်းဆီး ခေါ်ဆောင်သွား

ဧည့်စာရင်း စစ်မည်ဆိုကာ CDM ဆရာမတစ်ဦးကို ဖမ်းဆီး ခေါ်ဆောင်သွား

ဘိုကလေးမြို့တွင်  CDM ကျောင်းဆရာမတစ်ဦးကို ဧည့်စာရင်းစစ်မည်ဟုဆိုကာ စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့် ရဲများက ဖမ်းဆီးသွားသည်ကိုဟု မြို့ခံများကပြောသည်။

ဖမ်းဆီးခံရသူမှာ CDM ကျောင်းဆရာမ မသိမ့်သိမ့်စိုးဖြစ်သည်ဟု ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက ပြော သည်။

အသက် ၅၀ ကျော်ခန့် အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက‌ “ကောင်မလေးက စစ်တပ်က အာဏာသိမ်းပြီး ထဲက အလုပ်မသွားတော့ဘဲ အိမ်မှာပဲနေ‌နေတာ နေခင်းကြောင်တောင်ကြီး ဧည့်စားရင်းစစ်မယ်ဆိုပြီး ဖမ်းသွား တာ” ဟု ပြောသည်။

ဧည့်စာရင်းစစ်ခြင်းမှာလည်း ညအချိန်ဝင်ရောက်စစ်ဆေးခြင်းမျိုးမဟုတ်ပဲ နေ့ခင်းကြောင်တောင် ဝင်စစ်ခြင်း ဖြစ်သည်ဟု ဆိုကြသည်။

မေလ၂၇ ရက်နေ့၊ နေ့လည် ၁၂ နာရီအချိန်ခန့်က ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ အမှတ် ၆ ရပ်ကွက်တွင်နေထိုင် သည့် CDM ကျောင်းဆရာမ မသိမ့်သိမ့်စိုးကို လက်ထိပ်ခတ်၍ ဖမ်းဆီးသွားသည်ဟု အမှတ် ၆ ရပ်ကွက်အတွင်း နေထိုင်သူအချို့ က‌ ပြောသည်။

ရဲနှင့်စစ်သားများအပြင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူများနှင့် ဆယ်အိမ်မှူးများအပြင် အခြား အရပ်ဝတ်များဖြင့် ဝတ်ဆင်သူထားသူများက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည် ဟု ရပ်ကွက် အတွင်းနေထိုင်သူ အချို့က ပြောသည်။

ကျောင်းဆရာမ မသိမ့်သိမ့်စိုးကို ဘိုကလေးမြို့မ ရဲစခန်းတွင် ချုပ်နှောင်ထားပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂-က ဖြင့် အမှုဖွင့်ထားကာ မိသားစုနှင့် တွေ့ဆုံခွင့်မရရှိသေးကြောင်း မိသားစုဝင်များနှင့် နီးစပ်သူ တစ်ဦး က ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းမှုကို ဆန့်ကျင်သည့်အတွက် ဖမ်းဆီးခံနေကြရသည့် ပညာရေးဝန်ထမ်း များကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်များ အပြင် သေဒဏ်ပါ ချမှတ်လာမှုများ ရှိနေသည်ဟု CDM ပညာ ရေးဝန်ထမ်းများ အချို့က ပြောဆိုထားသည်။

CDM အရေအတွက်က လက်ရှိတွင် သုံးသိန်းကျော်သာ ကျန်တော့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ဒု-ဝန်ကြီး ဦးကျော်နီ က က RFA သတင်းဌာနအား ယခုနှစ် ဧပြီလတွင် ပြောဆိုထားသည်။

အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုတွင် အာဏာသိမ်းစ အစပိုင်းတွင် ပါဝင်ခဲ့သည့် ဝန်ထမ်း လေးသိန်းကျော်ရှိပြီး နောက်ပိုင်းတွင် စစ်ကောင်စီက ပြန်လည်တာဝန်ထမ်းဆောင်ရန် ဖိအားပေးခြင်း၊ စားဝတ်နေရေး ပြဿနာစသည့် အကြောင်းအမျိုးမျိုးနှင့် မူလဌာနများ ပြန်လည်ဝင်ရောက်လုပ်ကိုင်ခဲ့သူများ ရှိခဲ့သည်ဟု NUG က ပြောဆိုထား သည်။

April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...