ကျောက်တော်မြို့နယ်မှ မုန်တိုင်းဒဏ်သင့်အမျိုးသမီးတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်သွား

ကျောက်တော်မြို့နယ်မှ မုန်တိုင်းဒဏ်သင့်အမျိုးသမီးတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်သွား
မိမိကိုယ်ကို သေကြောင်းကြံသွားသူနှင့် မုန်တိုင်းဒဏ်ကြောင့် သူမ၏ ပြိုပျက်သွားသည့်နေအိမ်
မိမိကိုယ်ကို သေကြောင်းကြံသွားသူနှင့် မုန်တိုင်းဒဏ်ကြောင့် သူမ၏ ပြိုပျက်သွားသည့်နေအိမ်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပုံစားကျေးရွာမှ အမျိုးသမီးတစ်ဦးသည် မိုခါမုန်တိုင်း ဒဏ်ကြောင့် အိမ်ပြို ပျက်သွားပြီးနောက် ကြိုးဆွဲချကာ မိမိကိုယ်ကိုမိမိ အဆုံးစီရင်သွားခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။

ယင်းသို့ ကြိုးဆွဲချ အဆုံးစီရင်သွားသူမှာ ပုံစားကျေးရွာမှ အသက် (၄၀) ကျော် အရွယ် ဒေါ်မသန်းစိန်ဖြစ်ပြီး ၎င်း မှာ တစ်ဦးတည်း နေထိုင်သူဖြစ်သည်ဟု ရွာသားများက ပြောသည်။

သူမသည် မုန်တိုင်းကြောင့် ပျက်စီးသွားသည့် သူမ၏ နေအိမ်နောက်ဖေးသစ်ပင်တွင် မေလ ၂၀ ရက်၊ ညဥ့် အချိန် က ကြိုးဆွဲချ အဆုံးစီရင်ခဲ့ခြင်းဖြစ်ပြီး သေဆုံးနေသည့် အလောင်းကို မေလ ၂၁ ရက်မနက်ပိုင်းတွင် တွေ့ရှိခဲ့ ကြောင်း ပုံစားရွာမှ အမျိုးသမီးငယ်တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ကြိုးဆွဲချ သေသွားတာကတော့ ညပိုင်းကပဲ သေတာဖြစ်နိုင်တယ်။ ညီမတို့ရွာသားတွေ တွေ့တာကတော့ မနက် ပိုင်းမှာ တွေ့တာပါ။ သူကတယောက်တည်းနေတဲ့အပျိုကြီးပါ။ မုန်တိုင်းတိုက်လို့အိမ်တွေပျက်စီးလို့ ခိုကိုးရာမဲ့ ပြီး စိတ်ဓာတ်ကျပြီး လုပ်သွားတာလို့ထင်တယ်” ဟု သူမက ပြောသည်။

အဆိုပါ ပုံစားကျေးရွာသည် အိမ်ခြေ ၈၀ ရှိပြီး မိုခါမုန်တိုင်းကြောင့် တရွာလုံးရှိ နေအိမ်များ အမိုးအကာ ပျက်စီး သွားကာ အချို့နေအိမ်များမှာ တစ်အိမ်လုံးရစရာမရှိအောင် ပျက်စီးသွားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

မုန်တိုင်းတိုက်ခတ်ပြီး ၁၀ ရက်ခန့်ကြာလာပြီ ဖြစ်သော်လည်း မေလ ၂၄ ရက်နေ့ အထိ ကူညီကယ်ဆယ်ရေးများ ရောက်လာခြင်း မရှိသေးကြောင်း၊ လတ်တလောတွင် စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးတကြီး လိုအပ်နေ ကြောင်း သူမက ပြောသည်။

“အခုလောလောဆယ် အစားအစာနဲ့ သောက်ရေ၊ အမိုးအကာတွေ လိုနေပါတယ်။ မိုးရွာရင် အထူးဒုက္ခရောက် ကြရတယ်။ ဘယ်မှာသွားနေရမလဲမသိဘူး။ အကုန်လုံးခိုကိုးရာမဲ့ဖြစ်နေကြပြီ” ဟု သူမက နိရဉ္စရာသို့ ပြော သည်။

မေလ ၁၄ ရက်နေ့က စစ်တွေမြို့ကို ဗဟိုပြုတိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ရှိ မြို့ကြီး များနှင့် ကျေးရွာအမြောက်အများ ပျက်စီးကာ လူပေါင်းရာချီ သေဆုံးမှု၊ ကျွဲနွားတိရစ္ဆာန်များ သေဆုံးမှုများ ဖြစ် ပေါ်ခဲ့သည်။

မုန်တိုင်းအလွန် ကာလတွင် ကယ်ဆယ်ရေးအဖွဲ့အစည်းများ အနေဖြင့် မုန်တိုင်းသင့်မြို့ပေါ်များသို့ သွားရောက် ကယ်ဆယ်ကူညီမှုများ ရှိခဲ့သော်လည်း ကျေးရွာများသို့ သွားရောက်ကယ်ဆယ်နိုင်မှု အားနည်းနေသေးသည်ဟု ဒေသအတွင်း ကူညီပေးနေသူများက ပြောသည်။

April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...