တောင်ငူထောင်က အကျဉ်းသားများ သေနတ်လု ပစ်ခတ်ထွက်ပြေးမှု တပ်ကြပ်တစ်ဦးသေဆုံး၊ ထွက်ပြေးသူများရှိ

တောင်ငူထောင်က အကျဉ်းသားများ သေနတ်လု ပစ်ခတ်ထွက်ပြေးမှု တပ်ကြပ်တစ်ဦးသေဆုံး၊ ထွက်ပြေးသူများရှိ
တောင်ငူ အကျဉ်းထောင် (လူမှုကွန်ယက်)
တောင်ငူ အကျဉ်းထောင် (လူမှုကွန်ယက်)

တောင်ငူအကျဉ်းထောင်အတွင်းမှ အကြမ်းဖက် ပုဒ်မများဖြင့် တရားရင်ဆိုင်နေရသည့် အကျဉ်းသား ၁၀ ဦး သည် လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ သေနတ်လုပြီး ပစ်ခတ်ကာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု အကျဉ်းဦး စီးနှင့် နီးစပ်သူများက ပြောသည်။

မေလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်အချိန်တွင် တောင်ငူအကျဦးထောင်မှ သေနတ်လုပစ်ခတ်ကာ ထွက် ပြေးသွားကြခြင်း ဖြစ်သည်။

တာဝန်ရှိသူတစ်ဦးက “ဖြစ်စဉ်တော့ အတည်ပြုပေးလို့တော့ရပါတယ်။ ဟုတ်ပါတယ်။ တရားခံတွေကို အမြန် ဆုံး ပြန်လည်ဖမ်းမိဖို့ လုပ်ဆောင်နေပါတယ်” ဟု ပြောသည်။

အဆိုပါဖြစ်စဉ်သည် အကျဉ်းထောင်အတွင်း အထူးတရားရုံးတွင် ၎င်းတို့၏ အမှုအား စစ်ဆေးရန် ရုံးထုတ် လာ စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ သေနတ်လုကာ ပစ်ခတ်ထွက်ပြေးသွားကြခြင်း ဖြစ်သည်။

ပစ်ခတ်မှုကြောင့် ပညာရေး (၅) က တပ်ကြပ်မောင်မျိုး ပွဲချင်းပြီး သေဆုံးခဲ့ပြီး စစ်မှုထမ်းဟောင်း တစ်ဦးဖြစ် သည့် တပ်ကြပ်ကြီး ကျော်မြင့် ဒဏ်ရာရရှိခဲ့သည်။

အကျဉ်းသားများ လုယက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ ကာဘိုင်သေနတ် (၁) လက်နှင့် MA 11 (၁) လက်တို့ ရရှိခဲ့သွားခဲ့သည်။

အကျဉ်းထောင်အနီးရှိ ဒေသခံတစ်ဦးက “ထောင်ဖောက် ပြေးတာဆိုပြီး သိလိုက်တာ။ သူတို့ပြောတာကြားတာ တော့ အကြမ်းဖက်နဲ့ ၃ ဦး လက်နက်‌တွေ လုသွားတယ်။ ထောင်တာဝန်‌ကျတဲ့ သူတချို့ သေပြီဆိုပြီး ပြောတာ ကြားမိတယ်” ဟု ပြောသည်။

ပြန်လည်ဖမ်းမိသည့် အကျဉ်းသား ၇ ဦးမှာ  ချစ်မင်းသူ၊ ဇင်ကိုကိုအောင်၊ သီဟအောင်၊ ငြိမ်းချမ်းအောင်၊ တိုးနိုင် ထွန်း၊ စည်သူသန်းအေး၊ ခင်မျိုးကြည်တို့ဖြစ်ကြသည်။

ထွက်ပြေးသူများထဲမှ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉ - က/ ၅၀ - က / ၅၀ - ည / ၅၁ - ဂ / ၅၂ - က တို့ဖြင့် တရားရင်ဆိုင်နေရသည့် အကျဉ်းသားသန့်ဇင်၊ အောင်ကျော်ဦး နှင့် ဗေဒါ (ခ) ဘုန်းညွန့်ဇော်တို့ လွတ် မြောက်သွားသည်ဟု ဆိုကြသည်။

August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...
ဓာတ်ပုံ - (RFA / ပုံဟောင်း)
August 26, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံကို...
ဓာတ်ပုံ - JIM
August 25, 2026
မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သား အများအပြားမှာ...
August 25, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ စိမ်းညင်းဝကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ...