ဟူးကောင်းဒေသခံများ မိမိတို့ မြေယာကို စားကျက်မြေအဖြစ် ပြန်လည် သတ်မှတ်ယူ

ဟူးကောင်းဒေသခံများ မိမိတို့ မြေယာကို စားကျက်မြေအဖြစ် ပြန်လည် သတ်မှတ်ယူ
by -
ကေအဲန်ဂျီ
ဟူးကောင်းချိုင့်ဝှမ်းဒေသ ယုဇနကုမ္ပဏီ၏ မြေယာသိမ်းပိုက်ခြင်းကို ခံခဲ့ရသော ဒေသခံများသည် ၄င်းတို့၏ လယ်ယာမြေများကို ‘စားကျက်မြေ’ အဖြစ် ပြန်လည် သတ်မှတ်ယူခြင်း လှုပ်ရှားမှု အောက်တိုဘာ ၁၆ မှ ၁၈ အထိ စတင် ပြုလုပ်ခဲ့သည်။

လီဒို လမ်းမပေါ် နောင်းမီ၊ ဝါရွာဇွပ်၊ နောင်းလုန် ကောင်ရာ၊ တိန်ကောက် စသည့်ကျေးရွာ ၄ ရွာတွင် မိမိတို့ မြေနေရာများကို ပြန်လည် သတ်မှတ်ခဲ့သည်။

၃ ရက်သာ လှုပ်ရှားမှု အစီစဉ် လုပ်ဆောင်ရခြင်း နှင့် ပတ်သက်ပြီး ဟူးကောင်းဒေသ ဝါရာဇွပ်ကျေးရွာမှ တောင်သူခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦး တန်ဂွန်းက ယခုလို ပြောသည်။

“ယုဇန ကုမ္ပဏီက ၂၀၀၆ ခုနှစ်ကနေ ကျနော်တို့ ဒေသကို သိမ်းလိုက်တယ်။ အဲဒီကတည်းက ကျနော်တို့က အိမ်မွေး တိရစ္ဆာန်တွေ ရှိပြီးသား။ အဲတုန်းက နွား ရ၀၀၀ ကျော်ရှိခဲ့ပေမယ့် အခုဆို ရ၀၀ လောက်ပဲ ကျန်တော့တယ်။ အဲလို ထိခိုက် နစ်နာမှုတွေ အရမ်းများလာတဲ့အတွက် မွေးမြူရေးအတွက် ကျနော်တို့ နယ်မြေကို စနစ်တကျ တိုင်းတာပြီး ပြန်လည် သတ်မှတ် ယူခြင်း ဖြစ်ပါတယ်။ ယုဇန ဘက်က သဘောတူခြင်း မတူခြင်း ကျနော်တို့ မကြည့်ပါဘူး။ ကျနော်တို့ အရမ်းလိုအပ်လို့ ပြန်ယူခြင်း ဖြစ်တယ်”

ဒေသခံများက “စားကျက်မြေအတွင်း မည်သည့် (ကုမ္ပဏီ) အဖွဲ့အစည်းများ စိုက်ပျိုးရေး လုပ်ငန်း လုပ်ဆောင်ခြင်း (လုံးဝ) မပြုလုပ်ရ” ဆိုသည့် ဆိုင်းပုဒ်ကို ကျေးရွာ ၄ ရွာအတွင်း၏ စုစုပေါင်း မြေဧက ၁၂၀၀၀ ကျော်တွင် သတ်မှတ် ခဲ့သည်။

ယုဇနကုမ္ပဏီ သိမ်းပိုက်ထားသည့်သတ်မှတ် ဧရိယာများအတွင်း မူရင်း ဒေသခံများ ပြန်လည် ဝင်ရောက် လုပ်ကိုင် စားသောက်မှုရှိလာသဖြင့် ဒေသခံနဲ့ ကုမ္ပဏီကြား  ပြဿာနာ တင်းမာမှု မကြာခဏ ရှိခဲ့သည်။

သို့သော်လည်း ယခု လှုပ်ရှားမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယုဇန ကုမ္ပဏီဘက် မှ ဒေသခံ တောင်သူများကို တစုံတရာ ပြောဆို ဆက်သွယ်လာခြင်း မရှိသေးကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ဟူးကောင်းဒေသ မြေယာ ဧက ၃ သိန်းကျော်ကို ၂၀၀၆ ခုနှစ်မှစပြီး ယုဇနကုမ္ပဏီမှ သိမ်းပိုက်ခဲ့သည်။

ထိုမြေနေရာများကို ပြန်လည် လုပ်ကိုင်ခွင့်ပေးရန် ဒေသခံများ ယခင်စစ်အစိုးရ လက်ထက်ကတည်းကပင် စာရေးသား တောင်းဆိုမှု ရှိခဲ့သည်။

ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစိုးရ တက်လာချိန်ထိ ဒေသခံများ ၄င်းတို့ မြေယာ ပြန်လည်ရရှိရေး တောင်းဆိုမှုများ ဆက်လက် ပြုလုပ်နေတာကို တွေ့ရသည်။

သို့သော်လည်း အစိုးရမှ တစ်စုံတရာ ဖြေရှင်းပေးမှု မရှိသေးကြောင်း သိရသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...