သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၉)နှစ်ပြည့် ရှပ်ပြာရောင် လှုပ်ရှားမှုအနေဖြင့် အလုပ်သမားအဖွဲ့ဝင်များ ပါဝင်ပြုလုပ်

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၉)နှစ်ပြည့် ရှပ်ပြာရောင် လှုပ်ရှားမှုအနေဖြင့် အလုပ်သမားအဖွဲ့ဝင်များ ပါဝင်ပြုလုပ်

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၉)နှစ်ပြည့် ရှပ်ပြာရောင် လှုပ်ရှားမှုအနေဖြင့် မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FGWM မှ အလုပ်သမားအဖွဲ့ဝင်များသည်လည်း ဧပြီ ၂၁ရက်တွင် ပါဝင်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ရှပ်ပြာရောင် လှုပ်ရှားမှုအနေဖြင့် ဧပြီ ၂၁ရက်တွင် အလုပ်သမားအဖွဲ့ဝင်အချို့မှ ထောင်ဝတ်စုံအဖြစ် အကျီအပြာရောင်ကို ဝတ်ဆင်ကာ "တိုင်းပြည်အပေါ် စစ်အာဏာရှင်တွေရဲ့ကျေးဇူး မူးလို့တောင် ရှုစရာမရှိဘူး"ဟူသော စာသားများနှင့် ၎င်းတို့လွတ်မြောက်စေချင်သော အကျဉ်းသားများ၏ အမည်များကို လက်ဝါးတွင်ရေး၍ ပါဝင်ခဲ့ကြသည်။

ယခုကဲ့သို့လုပ်ဆောင်ရခြင်းမှာ နိုင်ငံရေးအကျဉ်းသားများ၏ ဖိနှိပ်ခံရမှု၊ အသက်အန္တရာယ် စိုးရိမ်ခံရမှုများအား ပြည်သူလူထုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများမှ သိရှိစေရန်နှင့် အဆိုပါ နိုင်ငံရေးအကျဉ်းသားများ၏ ဖိနှိပ်ခံရမှုများအတွက် မိမိတို့မှ အတူတကွ ရပ်တည်ကြောင်း ပြသနိုင်စေရန်အတွက် မိမိလွတ်မြောက်စေချင်သော နိုင်ငံရေးအကျဉ်းသားတစ်ဉီး၏အမည်များကို လက်တွင်ရေးပြီး ဟံသာဝတီ ဉီးဝင်းတင် (၉)နှစ်ပြည့် လှုပ်ရှားမှုတွင် ပါဝင်ဖြစ်ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FGWM မှ တွဲဖက်ဥက္ကဌ ဒေါ်တင်တင်ဝေကပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ ပိုမို များပြားလာပြီး အလုပ်သမားအရေးဆောင်ရွက်နေသည့် အလုပ်သမားသမဂ္ဂများ ၊ အဖွဲ့အစည်းများသည်လည်း စစ်ကောင်စီ၏ ဖမ်းဆီးမှုများကြောင့် ပြည်တွင်းတွင် ယခင်လို တရားဝင်ရပ်တည်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

သို့သော် အလုပ်သမားများသည် ခေတ်အဆက်ဆက်တွင် အဖိနှိမ်ခံဘဝရောက်ခဲ့ရသော်လည်း စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားများ စစ်ကျွန်ဘဝ အရောက်မခံနိုင်သည့်အတွက် လက်ရှိတော်လှန်ရေးကာလတွင်လည်း အလုပ်သမားများသည် ရရာနေရာမှ နည်းမျိုးစုံဖြင့် စစ်အာဏာရှင် ကျဆုံးသည့်အထိ တော်လှန်နေမည်ဖြစ်သည်ဟု FGWM မှ တွဲဖက်ဥက္ကဌ ဒေါ်တင်တင်ဝေက ၄င်းင်း၏ တော်လှန်ရေးခံယူချက်ကို ဆက်လက်ပြောခဲ့သည်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များအား တွေ့ရစဉ် / MOI)
September 1, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာရှိ စစ်အုပ်စုတပ် စစ်ကြောင်း ခြေကုပ်ယူထားသည့် စခန်းကို...
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများကို လှည်းဖြင့်သယ်ထုတ်နေစဥ် / ဗိဿနိုး ပြည်သူ့ ကာကွယ်ရေးတပ်မတော်
September 1, 2026
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အင်အား ၁၂၀ ခန့် ပါဝင်သည့် စစ်အုပ်စုတပ်စစ်ကြောင်းကို...
ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...