လွိုင်ကော်မြို့မှာ ဆန်တင်လာတဲ့ ကုန်ကားတချို့ကို စစ်ကောင်စီ ဖမ်းဆီးခဲ့

လွိုင်ကော်မြို့မှာ ဆန်တင်လာတဲ့ ကုန်ကားတချို့ကို စစ်ကောင်စီ ဖမ်းဆီးခဲ့

လွိုင်ကော်မြို့ လင်ဖုန်းလေးကျေးရွာအနီးမှာ စစ်ကောင်စီက ဆန်အပါအဝင် ကုန်ပစ္စည်းတွေကို တင်ဆောင်လာတဲ့ ကားတချို့ကို ဖမ်းဆီးခဲ့ပြီး ၃ရက်အကြာမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ ဆွေမျိုးနီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က လင်ဖုံလေးကျေးရွာအထွက်မှာ ကားသုံးစီးကို ဖမ်းဆီးသွားခဲ့ပြီး သုံးရက်အကြာမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

‘’၃ ရက်လောက်ဖမ်းခံလိုက်ရတယ်။ ငွေနဲ့ ပြန် ရွေးခိုင်းတာမျိုးတော့မဟုတ်ဘူး။ နှိပ်စက်ထားတာလည်းမတွေ့ရဘူး။ ဒါပေမဲ့ ကားပေါ်က ပစ္စည်းတွေတော့ပြန်မပေးဘူး။ ကားတောင် မပေးဘူးလုပ်နေလို့ မနည်းတောင်းပန်ခဲ့ရတယ်။‘’ လို့ ဖမ်းဆီးခံရသူတွေနဲ့ ဆွေမျိုးနီးစပ်သူတွေက ပြောပါတယ်။

လင်ဖုံလေးကျေးရွာဟာ တိုက်ပွဲတွေမကြာခဏဖြစ်ပွားခဲ့တာကြောင့် လူသွားလာနည်းပါးနေသလို လက်ရှိမှာလည်း စစ်ကောင်စီက စစ်ဆေးရေးဂိတ်တွေထားရှိတာမျိုးလည်းမရှိပါဘူး။

‘’လင်ဖုံလေး လမ်းက လာတော့ အရစ်ခံရသက်သာတာပေ့ါ။ ခရီးလည်းတွင်တယ်။ ဒါပေမဲ့ တခါတလေ အန္တာရာယ်တော့လည်းရှိတယ်။ ကျနော်သွားနေကျတော့ဘာမှ မဖြစ်ခဲ့ပါဘူး။’’လို့ မိုးဗြဲကနေ လွိုင်ကော် ခရီးသွားနေသူတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီက စစ်ဆေးရေးဂိတ်တွေကို ထားရှိပြီး စစ်ဆေးနေတာတွေရှိသလို ရှောင်တခင်အနေနဲ့လည်း စစ်ဆေးတာရှိနေပါတယ်။ အဲဒီလိုစစ်ဆေးပြီး မသင်္ကာသူတွေကို ဖမ်းဆီးပြီး ထောင်ချတဲ့အထိ ပြုလုပ်လေ့ရှိပါတယ်။

Most read this week

September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...