ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)မှာ ကရင်နီအမျိုးသားကောလိပ် (KnNC)ရဲ့ ဘွဲ့နှင်းသဘင်အပ်နှင်းခြင်း နဲ့ ကျောင်းဆင်းပွဲအခမ်းအနားပြုလုပ်

ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)မှာ ကရင်နီအမျိုးသားကောလိပ် (KnNC)ရဲ့ ဘွဲ့နှင်းသဘင်အပ်နှင်းခြင်း နဲ့ ကျောင်းဆင်းပွဲအခမ်းအနားပြုလုပ်

ကရင်နီဒုက္ခသည်စခန်း အမှတ် (၁)မှာဖွင့်လှစ်နေတဲ့ ကရင်နီအမျိုးသား ကောလိပ်(KnNC)ကနေပြီး ကျောင်းသူကျောင်းသား (၁၁၅) ဦးကို ဒီပလိုမာဘွဲ့အပ်နှင်းခြင်း နဲ့ ကျောင်းဆင်းပွဲ အခမ်းအနားကို ဒီကနေ့ (ဧပြီလ ၆ရက်နေ့ ) မနက်ပိုင်းမှာ ပြုလုပ်သွားခဲ့ပါတယ်။

ကရင်နီပညာရေးဌာန လက်အောက်ရှိ (KnNC)ကျောင်းဟာ ၁၉၉၅ခုနစ်ကနေ စတင်ဖွင့်လှစ်ခဲ့ပြီး (၂၈) နှစ်အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ကရင်နီလူငယ်တွေကို ပညာသင်ကြားပေးလျက်ရှိနေပါတယ်။

လက်ရှိအချိန်ထိ ကျောင်းသူကျောင်းသား ၂၀၀၀ကျော် တက်ရောက်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။

ကရင်နီအမျိုးသားကောလိပ်(KnNC)ကနေ တက်ရောက်ပြီးစီးသွားတဲ့ ကျောင်းသားကျောင်းသူ (၉၅) ရာခိုင်နှုန်းခန့်ဟာ မိမိလူမှုအသိုင်းအဝိုင်းမှာ ကျောင်းဆရာ၊ အမျိုးသမီး၊ လူငယ်၊ ကျန်းမာရေးစတဲ့ နယ်ပယ်တွေမှာ ပြန်ပြီးကူညီနေကြပါတယ်။

အဲ့ဒီထဲမှာမှ (၁၅) ရာခိုင်နှုန်းခန့်ဟာ ပညာသင်ဆုရရှိပြီး တက္ကသိုလ် ပညာရေးဆက်လက် သင်ယူနေတယ်လို့ သိရှိရပါတယ်။

(KnNC)ကျောင်းဟာ Community Development၊ Social Science၊ Information Technology (IT)၊ Science စတဲ့ အထူးပြုဘာသာရပ်(၄)ခုကို အဓိက သင်ကြားပေးပြီး ကရင်နီစာပေနဲ့ သမိုင်း၊ Gender issues၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ်၊ လူအခွင့်အရေး၊ ဒီမိုကနေစီနဲ့ ဖယ်ဒရယ်စနစ်တို့နဲ့ သက်ဆိုင်တဲ့ ဘာသာရပ်တွေကိုလည်း သင်ကြားပေးလျက်ရှိတဲ့ ကျောင်းတစ်ကျောင်းလည်းဖြစ်ပါတယ်။

သုံးနှစ်တာကာလ ပညာသင်နှစ် ဒီပလိုမာဘွဲ့ကနေပြီးတော့ လာမယ့်နှစ်မှာ လေးနှစ်တာကာလ ပညာသင်နှစ် B.Aဘွဲ့ ပေးနိုင်ဖို့ အပြင် အထူးပြုဘာသာရပ်တွေကိုလည်း တိုးချဲ့လုပ်ဆောင်သွားမယ်လို့ KnNC တာဝန်ခံ ဆရာမကြီး အဲလစ်ဇဘက်မော်မိမာက ပြောပါတယ်။

Most read this week

December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...
December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...