ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)မှာ ကရင်နီအမျိုးသားကောလိပ် (KnNC)ရဲ့ ဘွဲ့နှင်းသဘင်အပ်နှင်းခြင်း နဲ့ ကျောင်းဆင်းပွဲအခမ်းအနားပြုလုပ်

ကရင်နီဒုက္ခသည်စခန်း အမှတ်(၁)မှာ ကရင်နီအမျိုးသားကောလိပ် (KnNC)ရဲ့ ဘွဲ့နှင်းသဘင်အပ်နှင်းခြင်း နဲ့ ကျောင်းဆင်းပွဲအခမ်းအနားပြုလုပ်

ကရင်နီဒုက္ခသည်စခန်း အမှတ် (၁)မှာဖွင့်လှစ်နေတဲ့ ကရင်နီအမျိုးသား ကောလိပ်(KnNC)ကနေပြီး ကျောင်းသူကျောင်းသား (၁၁၅) ဦးကို ဒီပလိုမာဘွဲ့အပ်နှင်းခြင်း နဲ့ ကျောင်းဆင်းပွဲ အခမ်းအနားကို ဒီကနေ့ (ဧပြီလ ၆ရက်နေ့ ) မနက်ပိုင်းမှာ ပြုလုပ်သွားခဲ့ပါတယ်။

ကရင်နီပညာရေးဌာန လက်အောက်ရှိ (KnNC)ကျောင်းဟာ ၁၉၉၅ခုနစ်ကနေ စတင်ဖွင့်လှစ်ခဲ့ပြီး (၂၈) နှစ်အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ကရင်နီလူငယ်တွေကို ပညာသင်ကြားပေးလျက်ရှိနေပါတယ်။

လက်ရှိအချိန်ထိ ကျောင်းသူကျောင်းသား ၂၀၀၀ကျော် တက်ရောက်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။

ကရင်နီအမျိုးသားကောလိပ်(KnNC)ကနေ တက်ရောက်ပြီးစီးသွားတဲ့ ကျောင်းသားကျောင်းသူ (၉၅) ရာခိုင်နှုန်းခန့်ဟာ မိမိလူမှုအသိုင်းအဝိုင်းမှာ ကျောင်းဆရာ၊ အမျိုးသမီး၊ လူငယ်၊ ကျန်းမာရေးစတဲ့ နယ်ပယ်တွေမှာ ပြန်ပြီးကူညီနေကြပါတယ်။

အဲ့ဒီထဲမှာမှ (၁၅) ရာခိုင်နှုန်းခန့်ဟာ ပညာသင်ဆုရရှိပြီး တက္ကသိုလ် ပညာရေးဆက်လက် သင်ယူနေတယ်လို့ သိရှိရပါတယ်။

(KnNC)ကျောင်းဟာ Community Development၊ Social Science၊ Information Technology (IT)၊ Science စတဲ့ အထူးပြုဘာသာရပ်(၄)ခုကို အဓိက သင်ကြားပေးပြီး ကရင်နီစာပေနဲ့ သမိုင်း၊ Gender issues၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ်၊ လူအခွင့်အရေး၊ ဒီမိုကနေစီနဲ့ ဖယ်ဒရယ်စနစ်တို့နဲ့ သက်ဆိုင်တဲ့ ဘာသာရပ်တွေကိုလည်း သင်ကြားပေးလျက်ရှိတဲ့ ကျောင်းတစ်ကျောင်းလည်းဖြစ်ပါတယ်။

သုံးနှစ်တာကာလ ပညာသင်နှစ် ဒီပလိုမာဘွဲ့ကနေပြီးတော့ လာမယ့်နှစ်မှာ လေးနှစ်တာကာလ ပညာသင်နှစ် B.Aဘွဲ့ ပေးနိုင်ဖို့ အပြင် အထူးပြုဘာသာရပ်တွေကိုလည်း တိုးချဲ့လုပ်ဆောင်သွားမယ်လို့ KnNC တာဝန်ခံ ဆရာမကြီး အဲလစ်ဇဘက်မော်မိမာက ပြောပါတယ်။

Most read this week

September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...