ရွှေကုက္ကိုလ်မြို့သစ်အနီးတိုက်ပွဲများကြောင့် ဒေသခံ ၃၀၀၀ ကျော် ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရ

ရွှေကုက္ကိုလ်မြို့သစ်အနီးတိုက်ပွဲများကြောင့် ဒေသခံ ၃၀၀၀ ကျော် ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရ
ဆောက်လုပ်နေဆဲဖြစ်သည့် ကာစီနို အလောင်းကစားမြို့ တော် ရွှေကုက္ကိုလ် (Credit: ASEAN Today)
ဆောက်လုပ်နေဆဲဖြစ်သည့် ကာစီနို အလောင်းကစားမြို့ တော် ရွှေကုက္ကိုလ် (Credit: ASEAN Today)

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ မြောက်ဘက်ရှိ ရွှေကုက္ကိုလ်မြို့သစ်အနီးတွင် ဧပြီလ ၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော်  ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

ထိုင်းနိုငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြသူများထဲတွင် ရွှေကုက္ကိုလ်မြို့သစ်အနီးရှိ ထီကော်ထော၊ ထီးချရား၊ ထီးဝါးပလလော အစရှိသည့်ကျေးရွာများမှ ဒေသခံများအပြင် ရွှေကုက္ကိုလ်မြို့သစ်ရှိ လောင်းကစားရုံများတွင် အလုပ်လုပ်ကိုင်နေကြသူများလည်း

ပါဝင်ကြောင်း သိရသည်။

“မနေ့က ရွှေကုက္ကိုလ်မြို့သစ်အနီးမှာ စစ်ကောင်စီလက်အောက်ခံ BGF တပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်တော့ ဒေသခံတွေအပြင် ကာစီနိုရုံတွေမှာ အလုပ်လုပ်နေကြတဲ့ တရုတ်တွေရော၊ အလုပ်သမားတွေပါ ထိုင်းနိုင်ငံဘက်ကို

ပြေးကြရတယ်” ဟု  ထွက်ပြေးတိမ်းရှောင်နေရသည့်ဒေသခံတစ်ဦးက ပြောသည်။

ရွှေကုက္ကိုလ်မြို့သစ်အနီးဝန်းကျင်းဒေသမှ စစ်ဘေးတိမ်းရှောင်သူများသည် သောင်ရင်းမြစ်တစ်ဖက်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်းရှိ ထာ့စိုင်းဂိတ်၊ နောင်ဘိုးဝါဒဲ (ကြာနီနွားခြံ၊ ထာ့ (၃၄) ဂိတ် နှင့်အခြားနေရာများတွင် ခိုလှုံနေကြရပြီး အစားအစာနှင့် ဆေးဝါးလိုအပ်ချက်များရှိနေကြောင်း ဆိုသည်။

ဧပြီလ ၅ ရက် နံနက်အစောပိုင်းက ရွှေကုက္ကိုလ်မြို့သစ်အနီးရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်ဖွဲ့တို့၏ စခန်းများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။

အဆိုပါတိုက်ပွဲဖြစ်စဥ်အတွင်း စစ်ကောင်စီဘက်မှ လေကြောင်း ပစ်ခတ်မှုများရှိခဲ့ကြောင်း ဧပြီလ ၆ ရက် နံနက်ပိုင်းအထိ ရွှေကုက္ကိုလ်မြို့သစ်ဘက်တွင် ပစ်ခတ်ကြားနေရသေးကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ မြန်မာ-ထိုင်းနယ်စပ်အနီးရှိ ရွှေကုက္ကိုလ်မြို့သစ်အနီးတွင် တိုက်ပွဲများဖြစ်ပွားနေသည့် အတွက် ထိုင်းနိုင်ငံဘက်မှလည်း လုံခြုံရေးတိုးမြှင့်ချထားသည်ကို တွေ့ရကြောင်း စစ်ဘေးရှောင်များထံမှ  သိရသည်။

Most read this week

September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေး-ထားဝယ် လမ်းပိုင်းတစ်ခုကို တွေ့ရစဉ် / Crd
September 3, 2026
တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင်...
September 2, 2026
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြစ်တစ်လျှောက် ရေကြီးနစ်မြုပ်နေသည့် ကျေးရွာအချို့တွင် သောက်သုံး...