တစ်ရွာလုံးမီးဘေးသင့်ခဲ့သည့် ပန်နန်းဒင်မြို့နယ်၊ ထလာထုကျေးရွာတွင် ဒေသခံများ စားဝတ်နေရေး ခက်ခဲနေ

တစ်ရွာလုံးမီးဘေးသင့်ခဲ့သည့် ပန်နန်းဒင်မြို့နယ်၊ ထလာထုကျေးရွာတွင် ဒေသခံများ စားဝတ်နေရေး ခက်ခဲနေ

လွန်ခဲ့တဲ့နှစ်က တစ်ရွာလုံးမီးဘေးသင့်ခဲ့တဲ့ ပန်နန်းဒင်မြို့နယ်၊ ထလာထုကျေးရွာမှာရှိတဲ့ ဒေသခံတွေ စားဝတ်နေရေး ခက်ခဲနေတာကြောင့် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

မီးဘေးသင့်လို့ အလှူရှင်တွေကူညီပေးတဲ့ စားနပ်ရိက္ခာတွေကို သွားရောက်ထမ်းယူနေတဲ့ချိန် တောင်ယာမခုတ်နိုင်ခဲ့အတွက် စားဝတ်နေရေးခက်ခဲနေတယ်လို့ အဲဒီကျေးရွာနဲ့ နီးစပ်တဲ့သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“ တစ်ရွာလုံးက မီးလောင်ထားတဲ့အခါကျတော့ အကုန်လုံးက အစကနေ ဒီရွာက ပြန်စရမလို ဖြစ်နေတာ။ အိမ်ဆောက်ဖို့လည်းကျန်သေးတယ်။ အခုက စားဝတ်နေရေးအတွက်လည်း သူတို့ကကြိုးစားရတာပေါ့နော်။ ခက်ခဲတဲ့အခြေအနေရှိတယ်။” လို့ နီးစပ်သူက ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ အဲဒီကျေးရွာဘက်က ဒဇုံကျေးရွာအရောက် ဆန် ၈ ပြည်(တစ်ပုံး)ကို တစ်သိန်း၊ ဆန်တစ်အိတ် သုံးသိန်းနီးပါးထိ ပေါက်ဈေးရှိနေတာကြောင့် ဆန်ဝယ်ယူစားသောက်ဖို့လည်း ခက်ခဲကြပ်တည်းနေတာလို့ ဆိုပါတယ်။

၂၀၂၂ခုနှစ်၊ မတ်လ(၅) ရက်နေ့ မီးလောင်ကျွမ်းခဲ့တဲ့အချိန် လူနေအိမ်တွေနဲ့ စပါးကျီတွေလည်း အားလုံးမီးထဲပါသွားပြီး အလှူရှင်တွေရဲ့ ကူညီထောက်ပံ့မှုနဲ့ မိုးကာတဲတွေဆောက်ပြီးတော့ နေထိုင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

တောင်ယာခုတ်တာနဲ့ ဆေးမြစ်ရှာဖွေပြီး အသက်မွေးကြတဲ့ အဲဒီထလာထုကျေးရွာမှာ အိမ်ထောင်စု ၂၀ စု၊ လူဦးရေ ၆၄ ဦးရှိတယ်လို့လည်း သိရပါတယ်။

Most read this week

September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...