နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅)ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅)ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ် ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ ခလရ (၂၈၇) တပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ မတ်လ ၂၉ရက်၊ ၃၀ ရက် နှစ်ရက် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ထံကနေ MA-1 သေနတ် (၃) လက် ၊ MA-2 သေနတ် (၂)လက် ၊ MA-3 သေနတ် (၁)လက်၊ ခဲယမ်းမီးကျောက်များ ၊ အသုံးဆောင်များအား သိမ်းဆည်ရရှိခဲ့တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။

အထိနာတဲ့ စစ်ကောင်စီတပ်မှ မတ်လ ၃၀ ရက်နေ့ နေ့လည်ပိုင်းမှာ တိုက်လေယာဉ်နှစ်စီးနဲ့ ဒေါလျားခူကျေးရွာတောင်ပေါ်တစ်ဝိုက်ကို ၁၀ကြိမ်နီးပါး ပစ်ခတ်ခဲ့သလို တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတစ်ရွာရဲ့ စာသင်ကျောင်းကို နှစ်ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းပစ်ခတ်မှုကြောင့် အသက် ၂၅နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူလည်းရှိခဲ့တယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။

ဒါ့အပြင် မတ်လ ၃၀ ရက်နေ့ ညပိုင်းမှာလည်း ဒေါတမကြီးကျေးရွာ တောင်ပေါ်ဖက်တစ်ဝိုက်ကို တိုက်လေယာဥ် (၂)စီးဖြင့် ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်အရ သိရပါတယ်။

မတ်လ ၉ ရက်နေ့က စတင်တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ နှစ်ပတ်အတွင်း စစ်ကောင်စီတပ်မှ ၉၀ ကျော်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅၀ ထက်မနည်းရှိခဲ့သလို လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့တယ်လို့ KNDFက ပြီးခဲ့တဲ့ မတ်လ ၂၅ရက်နေ့က ထုတ်ပြန်ခဲ့ပါသေးတယ်။

ဖေဖော်ဝါရီနောက်ဆုံးပတ်ကစ ရှမ်းပြည်နယ်တောင်ပိုင်း နဲ့ မတ်လကစ ကရင်နီပြည်ဒီးမော့ဆိုမြို့နယ်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာ ဒီကနေ့အချိန်ထိဖြစ်ပါတယ်။

ခုခံတိုက်ခိုက်နေကြတဲ့ ပူးပေါင်းတပ်ဖွဲ့တွေကို ပြည်တွင်း၊ ပြည်ပ မိဘပြည်သူအနေနဲ့ ပံ့ပိုးကူညီပေးကြဖို့ KNDF က တောင်းဆိုထားပါတယ်။

Most read this week

September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...