စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ပါတီဆက်လက်တည်ထောင်ခွင့်ကို ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီ ၄ ခုလျှောက်ထား

စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ပါတီဆက်လက်တည်ထောင်ခွင့်ကို ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီ ၄ ခုလျှောက်ထား

နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်ကို စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်တဲ့အချိန် ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီ(၄) ပါတီ ပါဝင်ပါတယ်။

မှတ်ပုံတင်ခဲ့တဲ့ ပါတီတွေကတော့ ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC)၊ လီဆူအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)၊ ဒီမိုကရေစီပါတီသစ်(ကချင်) တို့ဖြစ်ပြီး အဲဒီပါတီတွေဟာ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်လျှောက်ထားကြတာ ဖြစ်ပါတယ်။

လက်ရှိ နိုင်ငံရေးပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ပါတီ(၁၃)ခု ရှိပြီး နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်လျှောက်ထားတဲ့ ပါတီ(၅၀)၊ စုစုပေါင်း(၆၃)ပါတီ ရှိ ပြီလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) ပါတီဟာ ကချင်ပါတီ ၃ ခုပေါင်း ဖွဲ့စည်းခဲ့တဲ့ ပါတီဖြစ်ပြီး ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC)ပါတီဟာ ကချင်တစ်မျိုးသားလုံးကိုကိုယ်စားပြုတဲ့ ပါတီတစ်ခုလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဒီမိုကရေစီပါတီသစ်(ကချင်)ကတော့ ကချင်အထူးဒေသ(၁) ဉက္ကဌ ဦးဇခုန်တိန့်ယိန်းရဲ့ ကျောထောက်နောက်ခံ ပါတီဖြစ်ပြီးတော့ လီဆူအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ကတော့ လီဆူလူမျိုးအများစုနဲ့ ဖွဲ့စည်းထားတဲ့ ပါတီဖြစ်ပါတယ်။

ပါတီမှတ်ပုံတင်တဲ့အကြောင်းနဲ့ ပတ်သက်ပြီး အကြောင်းစုံသိရဖို့ သက်ဆိုင်ရာ ပါတီအသီးသီးဆီ ဆက်သွယ်ခဲ့ပေမဲ့ လီဆူအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ကလွဲပြီး ကျန်ပါတီ သုံးခုကတော့ ဆက်သွယ်လို့ မရပါဘူး။

ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ နိုင်ငံရေးပါတီ ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်လျှောက်ထားပြီးတဲ့ ပါတီတွေကတော့ ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမယ့်တီ ၁၂ ပါတီနဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီ ၅၁ ပါတီ ဖြစ်ပြီး အဲဒီ ပါတီတွေကို တည်ထောင်ခွင့်နဲ့မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ဆောင်ရွက်လျက်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

သတ်မှတ်ကာလအတွင်း လျှောက်ထားမှုမရှိတဲ့ နိုင်ငံရေးပါတီ ၄၀ ဟာ နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်တာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်အမှတ် ( ၅ / ၂၀၂၃ ) အဲဒီပါတီတွေကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတာကနေ ပယ်ဖျက်ပြီး ပါတီတွေကို ဖျက်သိမ်းပြီးဖြစ်တယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ တရားဝင် ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးပါတီတစ်ရပ် တည်ထောင်လိုသူတွေနဲ့ မှတ်ပုံတင်လိုသူတွေအနေနဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က်ု လျှောက်ထားရမှာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွေးကောက်ပွဲကျင်းပနိုင်ဖို့ စစ်ကောင်စီက ကြိုးစားနေတာဖြစ်ပြီး ပြည်သူလူထုအများစု ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

Most read this week

January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...
January 21, 2026
ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်အတွင်း ဖွင့်လှစ်ထားတဲ့ ခါကာဘို ဘိုးဘွားရိပ်သာမှာ ခက်ခဲပြီး...