ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် ဒေသခံ ၁၀,၀၀၀ ခန့် စစ်ရှောင် နေရ

ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် ဒေသခံ ၁၀,၀၀၀ ခန့် စစ်ရှောင် နေရ

လွှမ်းမိုး — စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် အရှေ့မြောက်ခြမ်းတွင် မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခြင်းကြောင့် ဒေသခံ ၁၀,၀၀၀ ခန့် နေရပ်စွန့်ခွာစစ်ရှောင် နေရကြောင်း သိရသည်။

“စစ်တပ်က လူကြီး၊ လူငယ်မရွေး သတ်ဖြတ်တာနေတော့ စစ်ကြောင်းလာပြီဆို ကြောက်လန့်နေရတာ။ လှည်းရှိတဲ့သူက လှည်းနဲ့၊ တချို့ကတော့ ခြေလျင်နိုင်သလောက် သယ်ပြီးပြေးကြရတာပေါ့။ ရက်ကြာ လာတော့ စားဝတ်နေရေးအခက်အခဲတော့ရှိတယ်”ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံတစ်ဦး က ဆိုသည်။

ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က အင်အား ၁၅၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေခြင်းကြောင့် သဲတောကြီး၊ ဝဲကြီး၊ ဝဲကွဲ၊ ဖောင်းကတာ၊ ဘင်ဂါး၊ မဲဇလီကုန်း၊ လက်ပံတောင်းစသည့်ကျေးရွာ ၁၀ ရွာမှ လူဦးရေ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် လက်ပံတောင်းကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့ကြောင်း အခြားဒေသခံတစ်ဦးထံမှ သိရသည်။

စစ်ကောင်စီတပ်က မတ်လအတွင်း ဆားလင်းကြီးမြို့နယ်ကို သုံးကြိမ်တိုင် အင်အားသုံးစစ်ကြောင်းထိုးပြီး နေအိမ်များကို အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

Most read this week

The Indian Express / အိန္ဒိယ-မြန်မာနယ်စပ် ကင်းလှည့်နေသည့် အိန္ဒိယစစ်သားများ။
September 5, 2026
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ခြံစည်းရိုး ကာရံမှုမှာ ၅၅...
ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...