ဗန်းမော်မြို့နယ်အတွင်း ပြီးခဲ့သည့် (၂) နှစ်တာကာလက အခွန်အခများအား လိုက်လံကောက်ခံနေ

ဗန်းမော်မြို့နယ်အတွင်း ပြီးခဲ့သည့် (၂) နှစ်တာကာလက အခွန်အခများအား လိုက်လံကောက်ခံနေ

ဗန်းမော်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ အခွန်ဦးစီးဌာနနဲ့ စည်ပင်သာယာရေးဌာနတွေကနေ ပြီးခဲ့တဲ့ (၂) နှစ်တာကာလရဲ့ အခွန်အခတွေကို လိုက်လံကောက်ခံလျက်ရှိနေတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းကနေ ကောက်ယူတာမရှိခဲ့တဲ့ အမြတ်ခွန် ၊ ကုန်သွယ်ခွန် ၊ ယစ်မျိုးခွန် နဲ့ အိမ်ခွန် စတဲ့အခွန်မျိုးစုံကို နှစ်နှစ်စာပေါင်းပြီးကောက်ခံနေတာဖြစ်တယ်လို့ ဗန်းမော်မြို့ခံတစ်ဦးက ပြောပါတယ်။

“အမြတ်ခွန်က သုံးနှစ်စာ။ အမြတ်ခွန်က ဖုန်းဆက်ပြီးရုံး ကိုခေါ်တယ်။ စည်ပင်ကတော့ ဒီတိုင်းလိုက်ကောက်တယ်။ အိမ်ခွန်တွေလည်း လိုက်ကောက်တယ်။ ကျနော့်အခွန်ပြေစာတွေကတော့ ဒီမှာအများကြီးပဲ ဘာတွေလဲတော့မသိဘူး။”လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကနေ ကောက်ယူခြင်းမရှိခဲ့တဲ့ အခွန်အခတွေကို အခုချိန်မှာမှ ပြန်လည်ကောက်ခံနေတာဖြစ်တယ်လို့ နောက်ထပ် ဗန်းမော်မြို့ခံတစ်ဦးက အခုလို ပြောပါတယ်။

“စည်ပင်က ၆ လ တစ်ကြိမ်ရှိတယ် ၁ နှစ်တစ်ကြိမ်ရှိတယ်။ (အမြတ်) ခွန်က တစ်နှစ်ကိုတစ်ကြိမ်။ သူတို့က ဒီလိုမျိုးလေ ဗန်းမော်က ဘာမှမရှိတဲ့အခါကျတော့ သူတို့ချုပ်ကိုင်နိုင်တယ်လို့ ယူဆထားတယ်နဲ့တူတယ်။ စီးပွားခွန်တွေဘာတွေကျတော့ မကောက်ထားဘူး အခုမှပြန်ထကောက်တာပဲ။” လို့ အထက်ပါမြို့ခံက ဆိုပါတယ်။

အမြတ်ခွန်ကို အခွန်ဦးစီးဌာန ရုံးမှာ သွားရောက်ပေးဆောင်ရပြီး စည်ပင်ခွန်နဲ့ တခြားအခွန်တွေကိုတော့ စစ်ကောင်စီဝန်ထမ်းတွေကနေ အိမ်တိုက်ရာရောက် ကောက်ခံပြီး ကောက်ခံရာမှာလည်း အရပ်ဝတ်တွေနဲ့သာ လာရောက်ကြတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အမြတ်ခွန်ကိုတော့ ဆိုင်အမျိုးအစားနဲ့ အသေးအကြီးအလိုက် ၅ သောင်းကနေ သိန်းဆယ်ဂဏန်း အထိ ပေးဆောင်ရတာဖြစ်တယ် လို့လည်း သိရပါတယ်။

ဒါ့အပြင် မြို့ပြင်ရပ်ကွက်တွေအထိပါ အခွန်အခတွေ လိုက်လံကောက်ခံနေတာဖြစ်ပြီး နှစ်နှစ်စာကို တစ်ကြိမ်တည်းအပြီးမပေးနိုင်ရင်လည်း ခွဲပေးခွင့်တော့ ပြုထားတယ်လို့လည်းဆို ပါတယ်။

“ ဆိုင်ခွန် အဆောက်အဦခွန်ဆိုပြီးလာတယ် စည်ပင်က။ ကျနော်ဆို တစ်နှစ်ကို မဆောင်ရဘူးဆိုရင်တောင် သုံးသောင်းကျော် ဆောင်ရတယ်။ ဘာလို့လဲဆို အဆောက်အဦးရှိတာနဲ့ အခွန်ပေးရတယ်။ သွပ်မိုးတာနဲ့ အခွန်ပေးရတယ်တဲ့။ နှစ်နှစ်စာကို တစ်ခါတည်းဆောင်။ မဆောင်နိုင်ဘူးဆိုရင် တစ်ပတ် နှစ်ပတ်လောက်တော့ စောင့်ပေးတယ်ပေါ့။” လို့ အထက်ပါဒေသခံက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လတွေကလည်း မိုးကောင်းမြို့နယ်မှာ အလာတူးကောက်ခံမှုတွေရှိခဲ့ပြီးတော့ စီးပွားရေးကျပ်တည်းတဲ့ကြားက စစ်ကောင်စီရဲ့ ဝန်ထမ်းတွေကနေ ခေါင်းစဉ်အမျိုးမျိုးနဲ့ အခွန်အခတွေ ကောက်ခံနေတာကြောင့် အခက်ကြုံနေကြရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

Most read this week

September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...