အာဆာထိပ်တန်းတပ်မှူးတစ်ဦး ဒုက္ခသည်စခန်းတွင် ပစ်သတ်ခံရ

အာဆာထိပ်တန်းတပ်မှူးတစ်ဦး ဒုက္ခသည်စခန်းတွင် ပစ်သတ်ခံရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင်ရှိ ဒုက္ခသည် စခန်းတစ်ခုတွင် အာဆာ(ARSA) တပ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

အာဆာသောင်းကျန်းသူအဖွဲ့၏ ခေါင်းဆောင်တစ်ဦးသည်  ကော့စ်ဘဇားခရိုင် အူကီးယားမြို့နယ်ရှိ ဒုက္ခသည်စခန်းတွင် ယနေ့အစောပိုင်းကပစ်သတ်ခံခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင် ရဲတပ်ရင်း (Armed Police Battalion (APBn) က ပြောသည်။

သေဆုံးသွားသူမှာ ဒုက္ခသည် စခန်းအတွင်း လူသတ်မှုများအပါအဝင် ရာဇ၀တ်မှုအမျိုးမျိုးတွင် ပါဝင်ပတ်သက်နေသည့် အာဆာအဖွဲ့က ထိပ်တန်းတပ်မှူး  နူရာဟာဘစ် (Nur Habib) (ခေါ်) ဒက်တာဝခ်ကာ (Daktar Wakkas) (အသက် ၄၂ နှစ်)  ဖြစ်သည်ဟု ဆိုသည်။

၎င်းသည် သေနတ်ဒဏ်ရာရရှိပြီးနောက်  စခန်းတွင်းရှိ IOM ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့  (မီဒီယာ)  ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အကြီးအကဲ Md Faruk Ahmed မှ လက်မှတ်ရေးထိုးထားသော သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခု သတ်ဖြတ်မှုသည် အဆိုပါနယ်မြေအတွင်း ဩဇာအာဏာအားပြိုင်မှုနှင့် အတူ ရာဇ၀တ်ဂိုဏ်းများကြား ကာလကြာရှည်အငြင်းပွားမှုကြောင့် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဘင်္ဂလာရဲက သံသယရှိနေသည်။

ဘင်္ဂလာရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တို့သည် အဆိုပါနေရာကို သွားရောက်ကြည့်ရှုပြီး လူသတ်မှုနောက်ကွယ်မှ ရာဇ၀တ်သားများကို ဖမ်းဆီးရန် ညွှန်ကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...