တရုတ်အာရှရေးရာအထူးကိုယ်စားလှယ် ဒုတိယအကြိမ်မြောက် စစ်ကောင်စီဥက္ကဋ္ဌနှင့် တွေ့ဆုံမှု ထူးခြားမှုမရှိနိုင်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူဆို

တရုတ်အာရှရေးရာအထူးကိုယ်စားလှယ် ဒုတိယအကြိမ်မြောက် စစ်ကောင်စီဥက္ကဋ္ဌနှင့် တွေ့ဆုံမှု ထူးခြားမှုမရှိနိုင်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr. Deng Xijun ၏ ဒုတိယအကြိမ်မြောက် စစ်ကောင်စီဥက္ကဋ္ဌနှင့် တွေ့ဆုံမှုမှာ ထူးခြားမှု မရှိနိုင်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။

"တရုတ်ကတော့ထုံးစံအတိုင်းပေါ့ဗျာ သူအကျိုးစီးပွားတွေနဲ့ ပတ်သက်ပြီးတော့ ထိန်းသိမ်းဖို့အတွက် အခြေနေကိုလာပြီးတော့ ကြည့်တဲ့သဘောလို့ပဲ ထင်ပါတယ်။ မူဆယ်ထွက်ပေါက် ကုန်သွယ်ရေး ဂိတ်တွေ ဘာတွေ ဖွင့်ပေးတယ်ဆိုတဲ့ ကိစ္စတွေကြားရပါတယ်။ တရုတ်ပြည် က ဗမာပြည်တွင်းမှာ ရထားလမ်း ဖောက်လုပ်ဖို့ ကိစ္စနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေလဲ ပြန်ပြီးစတင်မယ်လို့ အသံတွေလဲ ထွက်ပေါ်နေပါတယ်” ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် H.E. Mr. Deng Xijun နှင့် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် မတ်လ ၆ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း  စစ်ကောင်စီက သတင်း ထုတ်ပြန်ထားသည်။

တွေ့ဆုံဆွေးနွေးရာတွင် နယ်စပ်ဒေသနှင့် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်မှ တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့များနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများအပါအဝင်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိမှုများကို နှစ်ဖက်ခေါင်းဆောင်တွေ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။

ဦးသန်းစိုးနိုင်က “ တရုတ်ကိုယ်စားလှယ်က ထူးထူးခြား အခြေနေတွေရှိနေလို့ လာတဲ့ သဘောတော့ မဟုတ်ပါဘူး။ လုပ်ရိုးလုပ်စဥ်အတိုင်းပဲ ဗမာပြည် ပဋိပက္ခ နဲ့ ပတ်သက်ပြီးတော့ ကြားနေမယ် ဘာမှမပြောဘူး။ ဒါပေမယ့် အမေရိကန်နိုင်ငံက NDAA ရဲ့ခွင့်ပြုချက် ငွေကြေးထောက်ပံ့တာတွေ၊ ဝါရှင်တန်မှာ NUG ရုံးဖွင့်တာတွေ ဆိုတဲ့ကိစ္စတွေအောက်မှာ မြန်မာပြည် မှာ ဘယ်လိုများအပြောင်း အလဲတွေ ရှိလာမလဲလို့ လာရောက်တီးခေါက်စုံစမ်းတာမျိုးလို့ပဲ ယေဘူယ အားဖြင့် နားလည်လို့ရပါတယ်။ အရင်းခံအားဖြင့် သူတို့ရဲ့ ကိုယ်ကျိုးစီးပွားတွေ ဘယ်လောက်များ ထိခိုက်နိုင်သလဲ ဆိုတာကို လာရောက်လေ့လာ ချင့်ချိန်တယ်လို့ပဲ သုံးသပ်ပါတယ်။ အဲ့ထက်ပိုပြီး ထူးထူးခြားခါးမရှိနိုင်ပါဘူး "ဟု ဆိုသည်။

တရုတ်အထူးကိုယ်စားလှယ် Mr.Deng Xijun သည် ပြီးခဲ့သည့်နှစ် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်း လောက်ကလည်း နေပြည်တော်၌ စစ်ကောင်စီ ဥက္ကဌနှင့် တွေ့ဆုံခဲ့ပြီးနောက် မြောက်ပိုင်းမဟာမိတ် တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် UWSA ‘ဝ’ တပ်ဖွဲ့၊ NDAA မိုင်းလားနှင့် KIA ကချင်လွတ် မြောက်ရေးတပ်မတော် က ခေါင်းဆောင်များနှင့်လည်း သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

Most read this week

December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...
December 18, 2025
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူများထဲတွင်...