တာတိုင်ကျေးရွာမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအတွက် နောင်တစ်ချိန် အရေးယူနိုင်ရန် သက်သေများစုဆောင်းနေ

တာတိုင်ကျေးရွာမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအတွက် နောင်တစ်ချိန် အရေးယူနိုင်ရန် သက်သေများစုဆောင်းနေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာမှ ရွာသူရွာသား ၁၇ ဦးကို စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုအတွက် နောင်တစ်ချိန်တွင်အရေးယူနိုင်ရန် သက်သေအချက်အလက် များစုဆောင်နေကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီဟာသည် အစုလိုက်အပြုံလိုက်အသတ်ခံရတာဖြစ်တဲ့အတွက် နောင်တစ်ချိန်မှာ ထိရောက်တဲ့အရေး ယူမှုများပြုလုပ်နိုင်ဖို့အတွက် မှတ်တမ်းမှတ်ရာနဲ့သက်သေအစုံအလင်ရရှိအောင် စုဆောင်းနေတယ်။ ဒါတွေနဲ့ တရားစွဲဆိုနိုင်ရေးဆောင်ရွက်သွားမှာဖြစ်တယ်” ဟုပြောသည်။

စစ်ကောင်စီတပ်များ မတ်လ ၁ ရက်နေ့ နံနက် ၃ နာရီခန့်က တာတိုင်ကျေးရွာအတွင်းသို့ ရုတ်တရက် စစ် ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ကျေးရွာနေပြည်သူ့အချို့ ဖမ်းဆီးခံလိုက်ရသည်။ ယင်းနောက် မတ်လ ၂ ရက်နေ့ စစ်ကောင်စီတပ် တာတိုင်ကျေးရွာမှထွက်ခွာစဉ် ဒေသခံ ၁၅ ဦးကို ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူများတွင် အမျိုး သမီး သုံးဦးပါဝင်ပြီး နှစ်ဦးမှာ ညီမအရင်းများဖြစ်ကြောင်း သိရသည်။

“သတ်ခံရသူများရဲ့ မိသားစုဝင်များနဲ့တွေ့ဆုံပြီး သတ်ခံရသူများအတွက် NUG ရဲ့ လူသားချင်းစာနာ ထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနမှ တစ်ဦးလျှင် တစ်သိန်း၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှလည်း တစ်ဦးလျှင် တစ်သိန်းထောက်ပံ့ပေးအပ်ခဲ့ပြီး အမျိုးသမီးသုံးဦးအတွက် အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာက တစ်သိန်းနှုန်းဖြင့်ထောက်ပံ့ပေးခဲ့ပါတယ်” ဟု စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခု အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွင် အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ၁၇ ဦးထိ ပါဝင်ခဲ့ပြီး အသက်အငယ်ဆုံး ၁၇ နှစ် အသက်အကြီးဆုံး ၆၀ နှစ်အထိပါဝင်ကြောင်းသိရသည်။

ယခု ဖြစ်ရပ်ကိုကြည့်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များ ရွာထဲသို့ဝင်ရောက်လာပါက မဖြစ်မနေ ရှောင်တိမ်းကြရန် စစ်ကိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကတိုက် တွန်းပြောဆို သည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလ ၁၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မုန်းတိုင်ပင်ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီးနောက် အမျိုးသာ ၂၉ ဦးကို ဖမ်းဆီးပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြသေးသည်။

စာတည်း။  ။စောဖေ

စာမူတည်းဖြတ်။  ။စောဖေ

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...