ဒေသခံများ ကန့်ကွက်နေသည့်ကြားက အင်ဘာပါကျေးရွာတွင် မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် ပြင်ဆင်နေဟုဆို

ဒေသခံများ ကန့်ကွက်နေသည့်ကြားက အင်ဘာပါကျေးရွာတွင် မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် ပြင်ဆင်နေဟုဆို
မြေရှားသတ္တုတူဖော်ရေး လုပ်ငန်းခွင်တစ်ခု (ပုံဟောင်းဖြစ်ပါသည်)
မြေရှားသတ္တုတူဖော်ရေး လုပ်ငန်းခွင်တစ်ခု (ပုံဟောင်းဖြစ်ပါသည်)

ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ အင်ဘာပါကျေးရွာမှာ မြေရှားသတ္ထု တူးဖော်ရေး လုပ်ငန်းတွေဆက်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ KIO/KIA ဘက်ကနေ မြေရှားသတ္ထုတူးဖော်မယ့်သူတွေ နေထိုင်တဲ့နေရာတွေနဲ့ လမ်းခရီးတွေမှာ စစ်သားတွေနဲ့လုံခြုံရေးချထားပြီး နေ့စဉ်နေ့တိုင်း တူးဖော်ဖို့ပစ္စည်းတွေကို စုဆောင်းနေတယ်လို့ ဒေသခံတွေပြောဆိုချက်အရ သိရပါတယ်။

မြေရှားသတ္ထုတူးဖော်မှုလုပ်ငန်းကို KIO/KIA ရဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ ဦးဆောင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကျေးရွာအတွင်းက KIO ပါတီခေါင်းဆောင်တွေကို ဖိတ်ကြားပြီး မြေရှားသတ္ထုတူးဖော်မှုနဲ့ပတ်သက်လို့ ရပ်နားဖို့ အစီအစဉ်မရှိကြောင်း ပြောဆိုမှုတွေပြုလုပ်ခဲ့တယ်လို့ မြေရှားသတ္ထုတူးဖော်မှု ကန့်ကွက်ရေးကော်မတီအဖွဲ့ဝင်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ဒီအလုပ်ကိုက ကျနော်တို့ဘက်က မရပ်တော့ဘူး။ အသင်းတော်နဲ့လည်း သုံး နဲ့ လေးလိုဖြစ်သွားပြီ။ အလုပ်ကိုတော့ မရပ်ပေးနိုင်ဘူးလို့။” လို့ဆိုပါတယ်။

ဘယ်အဖွဲ့အစည်းကပဲတားတား ဘယ်မီဒီယာကနေပဲပြောပြော လုံးဝ ရပ်နားဖို့ အစီအစဉ်မရှိဘဲ အမြန်ဆုံး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ KIO/KIA ဘက်ကနေ ပြောဆိုနေတယ်လို့လည်း သိရပါတယ်။

အဆိုပါမြေရှားသတ္ထုတူးဖော်တာနဲ့ ပက်သက်လို့ မြစ်ကြီးနားသတင်းဂျာနယ်ကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၇) ရက်နေ့က KIA/KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ခရိုင်ရုံး( ginwang ginjaw) ဘက်က တာဝန်ယူဖြေရှင်းတာကြောင့် အသေးစိတ်သိရှိရတာမျိုး မရှိဘူးလို့သာ ဖြေကြားခဲ့ပါတယ်။

မြေရှားသတ္ထုတူးဖော်မှုနဲ့ပတ်သက်ပြီး တူးဖော်မှုကန့်ကွက်ရေးကော်မတီဘက်ကနေ KIO/KIA ရုံးချုပ်ကို တောင်းဆိုမှုတွေပြုလုပ်ထားပေမဲ့ လက်ရှိအချိန်ထိ တစ်စုံတစ်ရာ တုံ့ပြန်မှုမရရှိသေးဘူးလို့လည်း မြေရှားသတ္ထုတူးဖော်မှု ကန့်ကွက်ရေးကော်မတီအဖွဲ့ဝင်က ပြောပါတယ်။

ဒေသခံတွေဘက်ကလည်း မြေရှားသတ္ထုတူးဖော်မှုနဲ့ပတ်သက်ပြီး လိုလားမှုမရှိကြောင်းကို ဒေသခံတစ်ဦးရဲ့အသက်နဲ့ရင်းပြီး သက်သေထူထားသလို ဆက်လက်ပြီးတော့လည်း မိမိတို့အသက်နဲ့ရင်းပြီး ကန့်ကွက်မှုတွေကို ပိုမိုပြုလုပ်သွားမှာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်သားတွေက ကိုယ်ရံတော် လုပ်ပေးနေတယ်။ လုပ်ဖို့တော့ရှိတယ်။ ပစ္စည်းတွေသွားသိမ်းမယ်။ အခုထိတော့ မလုပ်သေးဘူး။” လို့ဒေသခံက ဆိုပါတယ်။

မြေရှားသတ္ထုတူးဖော်မယ့်ဒေသတွေဟာ အင်ဘာပါနယ်မြေအတွင်းက ကျေးရွာတွေဖြစ်တဲ့ ဖတ်ဂွမ် (hpak gum) ၊ ဒိန်ဆိမ်း (ding sin) ၊ ဂပ်ရွမ်း (gap rawn) ၊ ဘွမ်ဆမ်န်ဘွမ် (bum sam bum) ၊ မိုင်ကူ (mai ku) ၊ ကိုင်ထိပ် (kai htik) တို့ဖြစ်ပြီး အင်ခေါင်းပါကျေးရွာနဲ့ ဆက်စပ်တည်ရှိနေတဲ့ မုဘွမ် (mu bum)၊ စိန်လုံတောင် ( zin lum bum) အထိ တူးဖော်သွားဖို့အတွက် စမ်းသပ်ချက်တွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၂၁) ရက်နေ့ကစပြီး မြေရှားသတ္ထုတူးဖော်ဖို့အတွက် စတင်ပြုလုပ်လာတာဖြစ်ပါတယ်။

May 20, 2026
စစ်အုပ်စုရဲ့ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ပြန်လုပ်ဖို့ မဲဆွယ်မှုဟာ...
May 19, 2026
မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမကြီးပေါ်မှာ တရုတ်လူမှုကွန်ရက် အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ We Chat...
May 16, 2026
သေခြင်းတရားနဲ့ အနီးစပ်ဆုံး အခြေအနေကို ကြုံရပြီးတဲ့နောက် ဒေါ်ဆိုင်းပန်တစ်ယောက် သူ့ရဲ့...
May 14, 2026
ဖားကန့်ဒေသအတွင်း စစ်ရေးတင်းမာနေတာကြောင့် ကျောင်းသားမိဘအချို့ဟာ မိမိတို့သားသမီးတွေ ...