ပူတာအို-မြစ်ကြီးနားလမ်းပိုင်း၌ ဖြတ်သန်းသွားလာခွင့်ကို ပူတာအို PDF အချိန်ကန့်သတ်ထား

ပူတာအို-မြစ်ကြီးနားလမ်းပိုင်း၌ ဖြတ်သန်းသွားလာခွင့်ကို ပူတာအို PDF အချိန်ကန့်သတ်ထား

ကချင်ပြည်နယ် ပူတာအို-မြစ်ကြီးနားကားလမ်းပိုင်းတွင် ည ၆ နာရီမှ မနက် ၆နာရီအတွင်း ကုန်ကားနဲ့ ခရီးသည်ကားများ ဖြတ်သန်းသွားလာခွင့်ပြုမည် မဟုတ်ကြောင်း ပူတာအို PDF ထုတ်ပြန်ထားသည်။

မတ်လ ၂ ရက်နေ့မှစတင်ကာ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကားလမ်းပိုင်း၌ ကုန်နှင့် ခရီးသွားကားများ ည ၆နာရီနှင့် မနက် ၆နာရီအတွင်း ဖြတ်သန်းသွားလာခွင့်မပြုရန် တားမြစ်ထားပြီး အချိန်ကန့်သတ်ရခြင်းနှင့်ပတ်သက်၍ ပူတာအို PDF မှ တာဝန်ရှိသူတစ်ဦးက KNG ကို ယခုကဲ့သို့ ပြောသည်။

”အကြောင်းရင်းက ပူတာအိုဘက်မှာ စစ်ကောင်စီကရော သူတို့နဲ့ဆက်နွယ်နေတဲ့လူ တွေကရော တရားမဝင်မှောင်ခိုလုပ်ငန်းတွေ အရမ်းလုပ်လာနေတယ်။ ဘိန်းဖြူတင်သွင်းတာပြီးရင် ဘိန်းတွေမှောင်ခိုရောင်းတာနဲ့ စိုက်ပျိုးတာတွေကိုတားဆီးနိုင်ဖို့ အဓိကလုပ်ဆောင်ရခြင်းဖြစ်ပါတယ်” ဟု ပူတာအို PDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပူတာအို PDF က ယခုကဲ့သို့အချိန်ကန့်သတ်ထုတ်ပြန်ထားသည့်အပြင် ယင်းလမ်းပိုင်း၌ ကုန်ကားနှင့် ခရီးသည်တင်ကားများကို ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး စစ်တပ်နှင့် ပက်သတ်သည့်စစ်ပစ္စည်းများ မူးယစ်ဆေးဝါးများ တွေ့ရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိပါက သယ်ဆောင်လာသူ၏ တာဝန်သာဖြစ်ကြောင်း ပူတာအို PDF မှ သိရသည်

”ဒီပူတာအိုလမ်းပိုင်းမှာ ဘိန်းဖြူတွေကိုထိထိရောက်ရောက်စစ်ဆေးပေးစေချင်တယ်။ ဒီစစ်ကောင်စီတွေကတော့ ဖမ်းမှာမဟုတ်ဘူး။ ပူတာအိုမှာဘိန်းဖြူက အပေါ်ဆုံးပဲတခါမှဖမ်းတာမကြားဖူးဘူး။ ဖမ်းရင်တောင်ပိုက်ဆံနှင့် ပြန်လွတ်လာကြတာအဲ့တော့ PDF တွေကဒါကို ထိထိရောက်ရောက် တာစီးနိုင်ရင်တော့ကောင်းတယ်။ ထိထိရောက်ရောက်လည်းလုပ်စေချင်တယ်။ လူငယ်တွေကဘိန်းဖြူကြောင့် အရမ်းပျက်စီးနေပြီ” ဟု ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။

ပူတာအို PDF ၏ ထုတ်ပြန်ချက်တွင် အထက်ဖော်ပြခဲ့သည့်အချက်များအပြင် ကုန်တင်ကားများ မိုးကာအကြည်ဖြင့် အုပ်၍ မောင်းရန်နှင့် ခရီးသည်တင်ကားများ မှန်ချမောင်းရန်စသည့် အချက်များပါဝင်ပြီး ယင်းအမိန့်သည် ရက်အကန့်အသတ်မရှိဖြစ်ကြောင်း သိရသည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...