အာဏာသိမ်းကာလ ၂ နှစ်အတွင်း ကျန်းမာရေးဝန်ထမ်း ၇၀ ဦးခန့် သတ်ဖြတ်ခံရကြောင်း NUG ထုတ်ပြန်

အာဏာသိမ်းကာလ ၂ နှစ်အတွင်း ကျန်းမာရေးဝန်ထမ်း ၇၀ ဦးခန့် သတ်ဖြတ်ခံရကြောင်း NUG ထုတ်ပြန်

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစ၍  ကျန်းမာရေးဝန်ထမ်း ၇၀ ဦးခန့် သတ်ဖြတ်ခံရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မတ်လ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ထို့အပြင် ကျန်းမာရေးဝန်ထမ်း ၉၀၀ ဦးခန့် ဖမ်းဆီးခံခဲ့ရပြီး ၊ ၇၈၀ ဦး ကျော် ထိခိုက်ဒဏ်ရာရခဲ့ကာ၊ ဆေးရုံ ဆေးခန်းပေါင်း ၁၆၀ ကျော် ဖျက်ဆီးခံခဲ့ရကြောင်း ဆိုသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ နှစ်လအတွင်း ကျန်းမာရေးကဏ္ဍဆိုင်ရာ အဆောက်အဦများအပေါ် လေကြောင်းတိုက်ခိုက်မှုများနှင့်ကျန်းမာရေးဝန်ထမ်းများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများကို စစ်ကောင်စီက ဆက်တိုက်ကျူးလွန်ခဲ့ကြောင်း အဆ အကြမ်းဖက်စစ်ကောင်စီက ဇန်နဝါရီလ ၁၀ရက်နေ့နှင့် ၁၁ရက်နေ့  ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ် တည်ရှိရာ Camp Victoria စခန်းအား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင့် ချင်းအမျိုးသားတပ်ဦးမှ ရဲမေ နှစ်ဦးနှင့် ရဲဘော် သုံးဦး ကျဆုံးခဲ့ရပြီး ပြင်ပလူနာကုသဆောင်၊ ဆေးစတိုနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သည့်ဖြစ်စဉ် အပါအဝင် အခြားဖြစ်စဉ် ခြောက်ခုကိုလည်း ဖော်ပြထားသည်။

" NUG က ထုတ်ပြန်တဲ့အချက်အလက်တွေထက် တကယ့်မြေပြင်မှာ ဒီထက်ပိုဆိုးတဲ့ သတ်ဖြတ်မှုတွေအပြင် စာရင်းထဲမပါဘဲ သတ်ဖြတ်ခံရတာ၊ ဖမ်းဆီးခံရတာတွေလည်းရှိတယ်" ဟု ရှမ်းပြည်နယ်တောင်ပိုင်းရှိ၊ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။

တစ်ဖက်တွင်လည်း အစိုးရဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် အရပ်သားအပါအဝင် စုစုပေါင်း သေဆုံးသူ ၅,၀၀၀ ကျော်နှင့် ဒဏ်ရာရရှိသူ ၄,၀၀၀ ကျော် ရှိခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ကာလုံအစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားလေသည်။

စာတည်း ။    ။  ဖူးသိမ်ကျ

စာမူတည်းဖြတ်။   ။ သန့်ဇော်(သန်လျင်)

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...