ကန့်ဘလူတွင် စစ်ကောင်စီတပ်စခန်းတစ်ခု တိုက်ခိုက်ခံရသဖြင့် လေယာဉ်ဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်

ကန့်ဘလူတွင် စစ်ကောင်စီတပ်စခန်းတစ်ခု တိုက်ခိုက်ခံရသဖြင့် လေယာဉ်ဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ချပ်ကြီးကျေးရွာတွင် အထိုင်ချထားသော စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးတပ်များပူးပေါင်းကာ ယနေ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန် စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်ဖြင့် ပြန်လည်လာရောက်တိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ယနေ့ မနက်ပိုင်း ၅ နာရီဝန်းကျင်တွင် ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ ပျူစောထီးအားကောင်းသည့် ချပ်ကြီးကျေးရွာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီက အထိနာခဲ့သဖြင့် ဂျက်လေယာဉ်ဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု  ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ချပ်ကြီးက ပျူစောထီးအားကောင်းတဲ့ရွာပါ။ စကစတွေလည်း အထိုင်ချထားတာပေါ့။ ဒီမနက်မှာ ကာကွယ်ရေး တပ်တွေပေါင်းပြီး တိုက်ခိုက်တာ စခန်းသိမ်းလိုက်နိုင်တယ်လို့ပြောပါတယ်။ သူတို့ဘက်ကအထိနာတော့ ချပ်ကြီး တစ်ဝှိုက်က ပိတောက်ပင်ရွာပတ်ဝန်းကျင်ကို ရဟတ်ယာဥ်နဲ့ပစ်သွားတာ”ဟုကန့်ဘလူဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ထို့အပြင် စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ Mi 35 နှင့် Mi17 တစ်စီးတို့ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်အကျအဆုံးနှင့် ဒေသခံများထိခိုက်မှုရှိ မရှိကိုတော့ အတည်မပြုနိုင်သေးကြောင်း သူကဆက်ပြောသည်။

ချပ်ကြီးကျေးရွာသည် ကန့်ဘလူမြို့နယ်မြောက်ဘက်ခြမ်း ချပ်သင်းတိုက်နယ်ရှိ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမကြီးဘေးတွင် တည်ရှိသည့် ကျေးရွာဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

Most read this week

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...
September 11, 2026
ကချင်ပြည်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် အသက် ၁၅ နှစ်အထက်နှင့် အသက် ၄၀ အောက် ခရီး သွား...
ဓါတ်ပုံ – (SNA) က ပိတ်ထားသည့် ဖားကန့်–ဟုမ္မလင်း ရေကြောင်းလမ်း အခြေအနေ။
September 10, 2026
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပိတ်ထားသည့် ဖားကန့် - ဟုမ္မလင်း ရေကြောင်းလမ်းကို အမြန်ဆုံး...