မြန်မာသံအမတ်ကြီးနှင့် အမေရိကန် ထိပ်တန်းတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေး

မြန်မာသံအမတ်ကြီးနှင့် အမေရိကန် ထိပ်တန်းတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို အမေရိကန်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သော Columbia University , Teachers College မှ Professor Doctor Judy Kuriansky နှင့် PhD  Graduate ကျောင်းသားများ၊ Master Degree ကျောင်းသားများမှ ဖိတ်ကြားကာ မြန်မာ့အရေးဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် လူ့အခွင့်အ ရေးချိုးဖောက်ခံရမှုများနှင့် အတူ စိတ်ကျန်းမာရေးထိခိုက်ခံခဲ့ရသော မြန်မာပြည်သူပြည်သားများအတွက် အဓိက ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အမျိုးသမီးနှင့် ကလေးငယ်များ ဖမ်းဆီးနှိပ်စက်ခံရမှုဖြစ်စဉ်များ၊ ဆင်းရဲငတ်မွတ် ခေါင်းပါးမှုများ၊ ပြန်လည်ထူထောင်ရေး၊ ငြိမ်းချမ်းရေး၊ စစ်ပြေးဒုက္ခသည်များအရေး နှင့် လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံမှုများအတွက် သံတမန်ရေးရာနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုစသည်တို့ကို မေးခွန်းများအပြန်အလှန်မေးမြန်းကာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အလားတူ မြန်မာ့အရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ အခန်းကဏ္ဍများနှင့် ရပ်တည်ချက်များကို ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

ဆွေးနွေးပွဲအား ပါဝင်တက်ရောက်ခဲ့ကြသူများသည် Master Degree တန်းနှင့် PhD Graduate ကျောင်းသားကျောင်းသူများဖြစ်ကြပြီး ကမ္ဘာလုံးဆိုင်ရာ စိတ်ကျန်းမာရေး၊ နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံတကာ နှိုင်းယှဉ်ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးများ ပညာရပ်များအား လေ့လာနေကြသူများ  ဖြစ်သည်။

စာတည်း။ ။ နောင်နောင်

စာမူတည်းဖြတ်။   ။သန့်ဇော်(သန်လျင်)

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...